ကွယ်လွန်သူ ဆရာမ ET အတွက် ရည်စူးပြီး အောက်စီဂျင်နဲ့ ဆေးဝါးတွေလှူဒါန်းမှုပြုခဲ့တဲ့ စည်ဖြိုးတို့ မိသားစု

ကွယ်လွန်သူ ဆရာမ ET အတွက် ရည်စူးပြီး အောက်စီဂျင်နဲ့ ဆေးဝါးတွေလှူဒါန်းမှုပြုခဲ့တဲ့ စည်ဖြိုးတို့ မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် စည်ဖြိုးတို့ မိသားစုကတော့ ဒီနေ့မှာ အောက်စီဂျင်နဲ့ ဆေးဝါတွေလှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

အလှူလေးကိုတော့ ကွယ်လွန်သွားတဲ့ ဆရာမ ET အတွက် ရည်စူးပြီး စည်ဖြိုးတို့မိသားစုကပြုလုပ်ခဲ့တာပါ။ကွယ်လွန်သူဆရာမ ET ကို ရည်စူးပြီး တိုင်တစ်ရာကျောင်းတိုက်အတွင်းရှိ သီတင်းသုံးနေကြတဲ့

ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အောက်စီဂျင်စက်၊ နဝကမ္မဝတ္ထုငွေ (၂၅)သိန်းကျပ်၊ဆေးဝါးများကို ကာလဒါနကုသိုလ်အဖြစ် ကပ်လှူခဲ့တာပဲဖြစ်ပါတယ်။

အောက်စီဂျင်နဲ့ ဆေးဝါးတွေအပြင် ဝါတွင်းကာလဖြစ်တာနဲ့အညီ ဝါဆိုသင်္ကန်းများလည်း ကပ်လှူခဲ့ပါသေးတယ်။

အခုလို လှူဒါန်းရတဲ့ကုသိုလ်တွေရဲ့ အဖို့ဘာဂကိုလည်း ကွယ်လွန်သူ ဆရာမ ET ရောက်ရာဘုံဘဝကနေသာဓုခေါ်ဆိုနိုင်ပါစေလို့လည်း ရည်စူးကာအမျှပေးဝေထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ စည်ဖြိုးတို့ မိသားစုရဲ့ အလှူဒါနလေးကို ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦနော်။

Source – E Thi

(ZAWGYI)

ကြယ္လြန္သူ ဆရာမ ET အတြက္ ရည္စူးၿပီး ေအာက္စီဂ်င္နဲ႔ ေဆးဝါးေတြလႉဒါန္းမႈျပဳခဲ့တဲ့ စည္ၿဖိဳးတို႔ မိသားစု

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္ သ႐ုပ္ေဆာင္ စည္ၿဖိဳးတို႔ မိသားစုကေတာ့ ဒီေန႔မွာ ေအာက္စီဂ်င္နဲ႔ ေဆးဝါေတြလႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ခဲ့ပါတယ္။

အလႉေလးကိုေတာ့ ကြယ္လြန္သြားတဲ့ ဆရာမ ET အတြက္ ရည္စူးၿပီး စည္ၿဖိဳးတို႔မိသားစုကျပဳလုပ္ခဲ့တာပါ။ကြယ္လြန္သူဆရာမ ET ကို ရည္စူးၿပီး တိုင္တစ္ရာေက်ာင္းတိုက္အတြင္းရွိ သီတင္းသုံးေနၾကတဲ့

ဆရာေတာ္ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေအာက္စီဂ်င္စက္၊ နဝကမၼဝတၳဳေငြ (၂၅)သိန္းက်ပ္၊ေဆးဝါးမ်ားကို ကာလဒါနကုသိုလ္အျဖစ္ ကပ္လႉခဲ့တာပဲျဖစ္ပါတယ္။

ေအာက္စီဂ်င္နဲ႔ ေဆးဝါးေတြအျပင္ ဝါတြင္းကာလျဖစ္တာနဲ႔အညီ ဝါဆိုသကၤန္းမ်ားလည္း ကပ္လႉခဲ့ပါေသးတယ္။

အခုလို လႉဒါန္းရတဲ့ကုသိုလ္ေတြရဲ႕ အဖို႔ဘာဂကိုလည္း ကြယ္လြန္သူ ဆရာမ ET ေရာက္ရာဘုံဘဝကေနသာဓုေခၚဆိုႏိုင္ပါေစလို႔လည္း ရည္စူးကာအမွ်ေပးေဝထားခဲ့ပါတယ္။

ပရိသတ္ႀကီးေရ စည္ၿဖိဳးတို႔ မိသားစုရဲ႕ အလႉဒါနေလးကို ပရိသတ္ေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦေနာ္။

Source – E Thi