သာကေတ မြို့နယ် အတွင်းက အမှန်တကယ် ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်တာများ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

သာကေတ မြို့နယ် အတွင်းက အမှန်တကယ် ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်တာများ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းကာကူညီပေးလျက်ရှိပါတယ် ။

ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိစ္စဝဝအပြင် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကိုလည်း သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေးနေတာကြောင့် ပရိသတ်တွေက လေးစားအားကျနေရတာပါ ။

အခုလည်း သာကေတမြို့နယ် အတွင်းက အမှန်တကယ် ခက်ခဲနေတဲ့အိမ်ထောင်စု (၂၀) စာကို ဆန်၃ပြည် ၊ဆီ ၅၀သား၊ ကြက်ဥ ၁၀လုံး ၊ အဝတ်အထည် ၁ထုပ် တို့ကို သူကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါတယ် ။ အလှူပုံတွေကြည့်ပြီး လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)

သာေကတ ၿမိဳ႕နယ္ အတြင္းက အမွန္တကယ္ ခက္ခဲေနတဲ့ အိမ္ေထာင္စုေတြအတြက္ လိုအပ္တာမ်ား လႉဒါန္းေပးခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ကေတာ့ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။

အခုလို ကာလေတြမွာ အဆင္မေျပၾကတဲ့ ျပည္သူေတြ မ်ားျပားလြန္းလို႔ လိုအပ္တဲ့ေနရာေတြကို ေသခ်ာ စီစစ္ၿပီး တတ္ႏိုင္သေလာက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းကာ အစြမ္းကုန္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနခ်ိန္မွာလည္း လူနာေတြအတြက္ ေအာက္ဆီဂ်င္အိုးမ်ား လႉဒါန္းကာကူညီေပးလ်က္ရွိပါတယ္ ။

ဒါ့အျပင္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ လူနာေတြရဲ႕ ကိစၥဝဝအျပင္ ေသဆုံးသူေတြရဲ႕ ႐ုပ္ အေလာင္းေတြကိုလည္း သူကိုယ္တိုင္ PPE ဝတ္ၿပီး စနစ္တက် သယ္ယူကာ ေန႔ေရာ ညေရာ ကူညီေပးေနတာေၾကာင့္ ပရိသတ္ေတြက ေလးစားအားက်ေနရတာပါ ။

အခုလည္း သာေကတၿမိဳ႕နယ္ အတြင္းက အမွန္တကယ္ ခက္ခဲေနတဲ့အိမ္ေထာင္စု (၂၀) စာကို ဆန္၃ျပည္ ၊ဆီ ၅၀သား၊ ၾကက္ဥ ၁၀လုံး ၊ အဝတ္အထည္ ၁ထုပ္ တို႔ကို သူကိုယ္တိုင္ သြားေရာက္လႉဒါန္းခဲ့ပါတယ္ ။ အလႉပုံေတြၾကည့္ၿပီး ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lu Kyaw