သမီးနဲ့သားမက်ပေါင်းပြီး လမ်းဘေးမှာစွန့်သွားခံရတဲ့ ၈၅နှစ်အရွယ် အမေအို

သနားစရာ သမီးအရင်းနဲ့ သားမက်ကိုယ်တိုင် ကားဝင်းမှာ လာစွန့်ပစ်သွားတဲ့ အသက်(၈၅)နှစ် အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်လိုက်တယ်လို့ သိရှိရပါတယ်။

ဒီဖြစ်စဉ်ကို ပရဟိတ ကိုဇင်မိုးမှ အခုလို ” စွန့်ပစ်ခံ အဖွားနာမည်က ဒေါ်ခင်ကြိုင်/အသက် – (၈၅)နှစ်/ဇာတိက ဝေါမြို့နယ် ဆတ်သွားကုန်းရွာကပါတဲ့သားသမီး (၅)ယောက်ရှိပါတယ်။ လက်ရှိ စွန့်ပစ်တဲ့ သမီးက အကြီးဆုံးသမီးတဲ့ မော်လမြိုင်ကားဝင်းမှာလာချသွားတာက

သားမက် ကိုယ်တိုင် သား(၃)ယောက်က သူ့ဟာနဲ့သူ နေကြပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲ က ရွာက အလုပ်လုပ်မယ်ဆိုပြီးထွက်သွားကတည်းက သေသလား ရှင်သလား မသိပဲ ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့သမီးငယ်ကတော့ ထိုင်းဘက်မှာ အလုပ်လုပ်မယ်ဆိုပြီးထွက်သွား ကတည်းက သေသလား ရှင်သလားမသိပဲ

ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့ အဖွားရဲ့ခင်ပွန်းဖြစ်သူ ဦးထွန်းကြင်ကလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက သေဆုံးသွားတယ်လို့ ပြောပါတယ်နေတာက သမီးကြီးနဲ့ သားမက်အိမ်မှာပဲ ကပ်နေရင်း ဘာမှ မလုပ်နိုင် မကိုင်နိုင် တော့တဲ့ အချိန်မှာ ငြိုငြင်မှုကိုခံလာရပြီး

နေ့တိုင်းလိုလို မောင်းချခံနေ ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံး သမီးနဲ့သားမက်က အဖွားကို”သမီးငယ် ယိုးဒယားဘက်က ပြန်ရောက်လာတယ်ကြားတယ် သူ့ဆီသွားပို့မယ်”ဆိုပြီး ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။အဖွားက ဒုက္ခရောက်မယ်မှန်း သိတော့ မသွားချင်ဘူး မလိုက်ဘူး အတင်းငြင်းပေမဲ့ သားမက်ဖြစ်သူက လိုင်းကားနဲ့ အတင်း တင်ခေါ်လာတယ်လို့ ပြောပါတယ်။လမ်းမှာ ထမင်းစားနား ကားရပ်တော့လဲ အဖွားကို ဘာမှမကျွေးပဲ ကားထဲသာ တံခါးပိတ်ထားပြီး သူ့ဟာသူ ထမင်းဆင်းစားပါတယ်တဲ့။

အဖွားက ဗိုက်ဆာလွန်းလို့ အော်တော့ ဘေးနားက လူတွေက သနားပြီး မုန့်တွေ ဘာတွေ ကျွေးမှ စားရတယ်လို့ ပြောပါတယ်။နောက်ဆုံး မော်လမြိုင် ကားဝင်းရောက်တော့ အဖွားက ငါ့ကို ဘယ်မှ မပို့ပါနဲ့တော့။ နင်တို့အကြံ ငါသိတယ်။ ဝေးဝေးမပို့ပါနဲ့။

ငါပဲဒုက္ခ ရောက်မယ်။ မော်လမြိုင်က ဘိုးဘွားရိပ်သာ တခုခုမှာ ထားပေးပါဆိုပြီး တောင်းပန်တော့လဲ အတင်းဖမ်းချုပ်ပြီး ခေါ်တယ်လို့ ပြောပါတယ်။အဖွားက ငိုပြီး အတင်းအော်နေတော့ ဒီနေရာမှာ သေချင်လဲ သေချင်တဲ့နေရာသာ သေ ရွာကိုတော့ တသက်လုံး ပြန်မလာနဲ့

သားသမီးတွေ ရှိလားမေးရင် သေပြီးလို့ ပြောဆိုပြီး အဖွားရဲ့ ပစ္စည်းတွေအားလုံးပြန်ယူသွားကာ အဖွားကိုတော့ကားဝင်းထဲ ပစ်ချသွားတယ်လို့ သိရပါတယ်။ အဖွားမှာ ဘာပစ္စည်းမှ မပါလာပါဘူး။

အဖွားက ကားဝင်းထဲ ရောက်ပြီးပြီးခြင်း ရဲကို သွားတိုင်သေးတယ်လို့ ပြောပါတယ်။ ရဲက အဖွားရဲ့သားမက်ကို လိုက်ရှာကြပေမဲ့ မတွေ့တော့ ပဲ လွတ်သွားပါတယ်။အဖွားရဲ့ သတင်းကို ပထမနေ့က ကျွန်တော့်ဆီ ဖုန်းဆက်ပြောကြပါ သေးတယ်။ ဒါပေမဲ့ သားသမီးတွေ ရှိနေရင် သားသမီးတွေနဲ့ အရင် ဆက်သွယ်ပေးပါ။

သူတို့ရဲ့ ခွင့်ပြုချက် ရရင်တော့ ကျွန်တော်တို့ ရိပ်သာက စောင့်ရှောက်ပေးနိုင်ပါတယ်။ ကိုယ်က စောင့်ရှောက်ပြီးမှ သားသမီးတွေ ပြသာနာ လာရှာရင်ရှင်းရခက်ကြောင်း ပြောဆိုပြီး အဖွားရဲ့ နေရပ်ကို ပြန်ပို့ပြီးမှ လိုက်စုံစမ်းပေးပါ့မယ်လို့ ကျွန်တော် ကိုယ်တိုင် ပြောခဲ့ လမ်းညွှန်ခဲ့ပါသေးတယ်။

ကျွန်တော်တို့ကတော့ တကယ်ဒုက္ခရောက်ပြီး ခိုကိုးရာမဲ့တဲ့အဖိုးအဖွား တွေကိုသာ ဦးစားပေး စောင့်ရှောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် မူအတိုင်း အရင်သွားရမှာပဲလေဖြစ်စဉ်တွေ ကိုယ်က သိသေးတာမှ မဟုတ်တာ။ ဒါပေမဲ့ အဲဒီအဖွားက ကားဝင်း ဆိုင်ကယ်ဂိတ် ရဲကင်း နေရာစုံသာ ရောက်သွားတယ်။

ကျွန်တော်ပြောသလို ဘယ်သူမှဟုတ်တိ ပတ်တိ မကူညီကြပါဘူး။ နောက်ဆုံး မော်လမြိုင်ဘူတာကြီးမှာ ရောက်ရှိနေပြီး အဖွားရဲ့ ကျန်းမာရေးအရကူညီသူတွေအချို့က းခန်းပါ ပြပေးနေရတယ်လို့ ကြားရပါတယ်။ သနားတဲ့သူတွေက အဖွားကို ပိုက်ဆံလေးလှူ မုန့်ဝယ်ကျွေး ထမင်းကျွေးကြတယ်လို့ ကြားလာရ ပါတယ်။

ဆေးခန်းပြပေးပြီး ဘူတာမှာ ပြန်လာပို့ထားကြတော့ ရာသီဥတုကလဲ အေး။ အဖွားကလည်း လေတခြမ်း ဖြတ်ထားဖူးတဲ့ အနေ အထားရှိ တော့ဘူတာရဲ့တမံတလင်းနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး အဖွားရဲ့ အနေအထားကိုကြည့်ပြီး

ရထားရဲတပ်ဖွဲ့မှ တပ်ခွဲမှုးကိုယ်တိုင် လည်း မော်လမြိုင် RESCUE အဖွဲ့ကို ဆေးရုံပို့ပေးဖို့ ထပ်အကူအညီ တောင်းလာတော့နောက်ဆုံး မြဆည်းဆာဆရာတော် ဘဒ္ဒန္တနရိဒ္ဒ(ဦးဇင်းကျောက်ဆည်) နဲ့ ကျွန် တော်တို့ အကျိုးတော်ဆောင်တွေ ကိုယ် တိုင် ဘူတာကိုသွားပြီး

အဖွားရဲ့ ဖြစ်စဉ်နဲ့ အကြောင်းအရာတွေကို စီစစ်စုံစမ်းပြီး “မြဆည်းဆာ”ရဲ့ အေးငြိမ်းတဲ့ ရင်ခွင်မှာ စောင့်ရှောက်ထားလိုက်ပါပြီး အဖွားရဲ့ ဘဝ အေးချမ်းပါပြီးသူ့သားသမီးတွေအကြောင်း သူ့ရှေ့မှာ မပြောရဲလောက်အောင် စိတ်နာနေပါတယ်။

မိဘက မွေးလို့ကျွေးလို့ လူဖြစ်လာကြတာပါကျွန်တော်တို့ သွေးမတော် သားမစပ် သူ စိမ်းတွေတောင် ကိုယ့်မိဘ အဖိုးအဖွားအရင်းလို စောင့်ရှောက်နိုင်သေးတာ။

သားသမီးအရင်းတွေက မိဘကို အသက်ကြီးလာလို့ ဘာမှ မလုပ်ပေးနိုင်တော့တဲ့အခါ လူပိုလို သတ်မှတ်ပြီး ငြိုငြင်ကြတာ ဖြစ်သင့်သလားပေါ့။ဝဋ်တွေ မလည်ကြပါစေနဲ့ အထက်ပါဖြစ်စဉ်အားလုံးအဖွားကိုယ်တိုင်ပါ။

Crd-Original Post