လင်မယားနှစ်ယောက်ပဲ ဘဝကိုရုန်းကန်နေရတဲ့ မျက်မမြင်အဘိုးနဲ့ ရောဂါသည်အဘွားအို
ယနေ့မှာ ဆူရင်ပြည်နယ် အခြေစိုက်သတင်းထောက်တစ်ဦးက အဘိုးအဘွားနှစ်ဦးရဲ့ ဘဝရုန်းကန်မှုအကြောင်းကို ယမန်နေ့မှာ တင်ပြခဲ့ပြီး လွန်ခဲ့တဲ့နှစ်က ထိုအဘိုးအဘွားနှစ်ဦးဟာ အလွန်ယိုယွင်းနေတဲ့ သစ်သားအိမ်တစ်လုံးမှာ နေထိုင်ကြပါတယ်
။အဘိုးရဲ့ အမည်မှာ အသက် ၈၁ နှစ် မစ္စတာ Riad Rungrueng ဖြစ်ပြီး မျက်စိနှစ်ဖက်လုံး မျက်မမြင်ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ဇနီး အဘွားက အသက် ၈၂ နှစ်ရှိပြီး ကင်ဆန်ရောဂါခံစားနေရပါတယ် ။
သူတို့ရဲ့ ရေချိုးခန်းက အိမ်နဲ့ ၁၅ မီတာကျော်လောက်ဝေးတာကြောင့် အဖွားက အဘိုးကို သူမရဲ့ လက်နဲ့ တွဲခေါ်ပြီး နေ့တိုင်းရေချိုးခန်းထဲ ခေါ်သွားခဲ့ရပါတယ် ။အဘိုးနဲ့အဘွားတို့မှာ သားသမီးတွေရှိပေမဲ့ သူတို့က မိသားစုကိုယ်စီရှိနေတာကြောင့်
မိသားစုအသစ်သို့ ကွဲထွက်သွားကြပါတယ် ။အဘိုးအဘွားနှစ်ဦးက စားသုံးစရိတ်အတွက် အဘွားဟာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီး ရွာသားတွေကို ရောင်းချပေးခဲ့ရပါတယ် ။ မျက်လုံးမြင်နိုင်စွမ်းရှိတဲ့ အဖွားအိုက သူမရဲ့လက်တွေ
တစ်ချိန်လုံးတုန်ယင်နေဆဲဖြစ်ပါတယ် ။အဖွားအိုက ပါကင်ဆန်ရောဂါခံစားရတာကြောင့် အဘိုးက သူ့ရဲ့ဇနီးအတွက် ကဏန်းများတူးရန် လယ်ပြင်သို့ သွားပြီး နေ့တိုင်းချက်ပြုတ်ရန် ပုရစ်များကို ရှာခဲ့ပါတယ် ။
အဘိုးအိုဟာ မျက်မမြင်ဖြစ်သော်လည်း အိမ်မာဘဲနေရန်ငြင်းဆန်ပြီး သူ့ဇနီးအတွက် ဂဏန်းပေါက်၊ ပုရစ်ပုံကို စူးစမ်းရန် သူ့ရဲ့ လက်ကိုသုံးပြီး အချို့ကိုတူးလေ့ရှိပါတယ် ။
အဖွားအိုက သူမလက်တွေတုန်ရင်တောင် အဘိုးကိုထမင်း နေ့တိုင်းကျွေးနိုင်ပါသေးတယ် ။ အဘွားဟာ ရောဂါကို ကုသဖို့ ပိုက်ဆံတွေမရှိတာကြောင့် ကုသမှု မခံယူခဲ့ရပါဘူး ။မကြာသေးမီက သတင်းထောက်များက အဖွားနဲ့အဖိုးရဲ့အိမ်သို့
ထပ်မံရောက်ရှိလာခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ ပရဟိတအလှူရှင်များရဲ့ အလှူငွေပမာဏ၂၀၈.၇၅၆ ဘတ်နဲ့ အဖိုးအဖွားနှစ်ဦးကို ကူညီရန် ငွေလွှဲပေးခဲ့ကြပါတယ် ။တချို့ရွာသားတွေကလည်း ကူညီခဲ့တယ်။
အကူအညီအတွက် အစီအစဉ်တစ်ခုရှာရန် ဘတ်ဂျက်အဆိုပြုရာမှာ ဘိုးဘွား၂ ဦးရဲ့ အိမ်များကို ပြန်လည်ပြုပြင်မွမ်းမံရန် ဘတ်ငွေ ၂၀၀၀၀၊ ဘတ် ၃၀၀၀ အပြင် လူမှုဖွံ့ဖြိုးရေးနဲ့ လူမှုလုံခြုံရေးရုံး အဖွဲ့ကလည်း ကူညီခဲ့ပါတယ် ။
ဒါ့အပြင် အဖွားခံစားရတဲ့ ရောဂါကိုလည်း ကုသပေးဖို့ သူတို့စီစဉ်နေကြပါတယ် ။ ဒီပရဟိတ အဖွဲ့တွေကို အရမ်းကျေးဇူးတင်မိပါတယ် ။အဘိုးအဘွားတို့လည်း ဒီလိုကြမ်းတမ်းတဲ့ ဘဝကို လွတ်မြောက်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ။
Crd-Original Post
(ZAWGYI)
Crd-Original Post