ပြေတီဦးတို့ ဇနီးမောင်နှံ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ငါးလပြည့်နေ့မှာ အဝေးကနေ ဆုလေးတစ်ခု တောင်းပေးလိုက်တဲ့ ညီနန္ဒ

အနုပညာလောကမှာ အောင်မြင်မှု အသီးသီးကို အခိုင်အမာ ရရှိထားပြီး ထိပ်တန်းကနေ ရပ်တည်လျှောက်လှမ်းနေတဲ့ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ ပြေတီဦးတို့ကတော့ လတ်တလောမှာတော့ ပုဒ်မ ၅၀၅နဲ့ အရေးယူထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ချစ်ရတဲ့ ပရိသတ်တွေရော အနုပညာရှင် အသိုင်းအဝိုင်းကပါ အူဝဲတို့ကို ဒီကနေ့အထိ မမေ့နိုင်ဘဲ ပြန်လည်လွတ်မြောက်လာဖို့ကိုပဲ ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ် ။ ခုလို ကိုဗစ်တွေ ဖြစ်ပွားနေကြ အချိန်မှာ သူတို့ဇနီးမောင်နှံအတွက် ပိုတောင် စိတ်ပူပန်နေကြတာ ဖြစ်ပါတယ် ။

အခုလည်း ညီနန္ဒက ပြေတီဦးတို့ ဇနီးမောင်နှံ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ငါးလပြည့်နေ့လေးမှာ အဝေးကနေ ဆုမွန်ကောင်းတစ်ခုတောင်းပေးခဲ့ပါတယ် ။ ” မိသားစုနဲ့ခွဲခွာနေရတာ ၅လပြည့်တဲ့နေ့…အမြန်ဆုံးပြန်ဆုံနိုင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ် သူငယ်ချင်းနဲ့အူဝဲ ရယ်…” ဆိုတဲ့ စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nyi Nanda

(ZAWGYI)

ေျပတီဦးတို႔ ဇနီးေမာင္ႏွံ ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့ ငါးလျပည့္ေန႔မွာ အေဝးကေန ဆုေလးတစ္ခု ေတာင္းေပးလိုက္တဲ့ ညီနႏၵ

အႏုပညာေလာကမွာ ေအာင္ျမင္မႈ အသီးသီးကို အခိုင္အမာ ရရွိထားၿပီး ထိပ္တန္းကေန ရပ္တည္ေလွ်ာက္လွမ္းေနတဲ့ အကယ္ဒမီမင္းသမီးေခ်ာအိျႏၵာေက်ာ္ဇင္နဲ႔ အကယ္ဒမီ ေျပတီဦးတို႔ကေတာ့ လတ္တေလာမွာေတာ့ ပုဒ္မ ၅၀၅နဲ႔ အေရးယူထိန္းသိမ္းခံထားရတာ ျဖစ္ပါတယ္။

ခ်စ္ရတဲ့ ပရိသတ္ေတြေရာ အႏုပညာရွင္ အသိုင္းအဝိုင္းကပါ အူဝဲတို႔ကို ဒီကေန႔အထိ မေမ့ႏိုင္ဘဲ ျပန္လည္လြတ္ေျမာက္လာဖို႔ကိုပဲ ဆုေတာင္းေပးေနၾကတာလည္းျဖစ္ပါတယ္ ။ ခုလို ကိုဗစ္ေတြ ျဖစ္ပြားေနၾက အခ်ိန္မွာ သူတို႔ဇနီးေမာင္ႏွံအတြက္ ပိုေတာင္ စိတ္ပူပန္ေနၾကတာ ျဖစ္ပါတယ္ ။

အခုလည္း ညီနႏၵက ေျပတီဦးတို႔ ဇနီးေမာင္ႏွံ ဖမ္းဆီးထိန္းသိမ္းခံထားရတာ ငါးလျပည့္ေန႔ေလးမွာ အေဝးကေန ဆုမြန္ေကာင္းတစ္ခုေတာင္းေပးခဲ့ပါတယ္ ။ ” မိသားစုနဲ႔ခြဲခြာေနရတာ ၅လျပည့္တဲ့ေန႔…အျမန္ဆုံးျပန္ဆုံႏိုင္ပါေစလို႔ပဲ ဆုေတာင္းေပးႏိုင္တယ္ သူငယ္ခ်င္းနဲ႔အူဝဲ ရယ္…” ဆိုတဲ့ စာေလးပဲ ျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Nyi Nanda