အိမ်ခြေ (၃၀၀)စာအတွက် စားသောက်ကုန်တွေထပ်မံလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

အိမ်ခြေ (၃၀၀)စာအတွက် စားသောက်ကုန်တွေထပ်မံလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲနေတဲ့ မိအ်ထောင်စုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်။

ဒီတစ်ခေါက်လှူဒါန်းမှုအလှူလေးမှာတော့ ခိုင်နှင်းဝေက အိမ်ခြေ (၃၀၀)စာအတွက် လှူဒါန်းပေးနိုင်ခဲ့ပါတယ်။လှူဒါန်းပေးဖြစ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “ဆန်(၃) ပြည်၊

ဆီ(၁)ဗူး၊Tea Mix ၊ငါးပိကောင်၊ ငါးခြောက်၊ငံပြာရည်၊ခေါက်ဆွဲခြောက်ထုပ်၊နို့မှုန့် ထုပ်တို့ကို အိမ်ခြေ (၃၀၀)စာ လှူဒါန်းပေးခဲ့ပါတယ်ရှင်။

ခက်ခဲနေကြတာချင်းတူတူမို့ အတတ်နိုင်ဆုံး လူစုံရအောင် လှူပေးဖြစ်ပါတယ်”ဆိုပြီး မျှဝေဖော်ပြထားခဲ့ပါတယ်။

အလှူလေးဖြစ်မြောက်အောင်လည်း ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ အတူ အလှူလေးရဲ့ အဖို့ဘာဂကို ပရိသတ်တွေလည်း ထပ်တူ ပီတိကုသိုလ်ရရှိစေဖို့လည်း မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးတွေလည်း အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai