ခုလိုချိန်မှာငြိမ်နေတဲ့ မြင့်မြတ်ရဲ့ စိတ်နေစိတ်ထားကို အနီးကပ်နေတဲ့ တပည့်တွေကပြောပီ

ခုလိုချိန်မှာငြိမ်နေတဲ့ မြင့်မြတ်ရဲ့ စိတ်နေစိတ်ထားကို အနီးကပ်နေတဲ့ တပည့်တွေကပြောပီ

တစ်နိုင်ငံလုံးက လူကြီး လူငယ်ပရိသတ်တိုင်း ချစ်ကြတဲ့ မင်းသားချော မြင့်မြတ်ကတော့သူ့ရဲ့ဖခင်ကိုယ်တိုင် ဖြေကြားခဲ့တဲ့ အင်တာဗျူး ဗီဒီယိုကြောင့် ပရိသတ်တွေရဲ့အထင်အမြင် လွဲခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။


မြင့်မြတ်ကတော့ စိတ်နှလုံးသား ကောင်းမွန်ပြီးလူတကာ အပေါ်လည်း ကူညီတတ်တာကြောင့်မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူတွေက မြင့်မြတ်က မိဘအပေါ် တာဝန်မကျေတဲ့သားတစ်ယောက် မဟုတ်ကြောင့် ပြောပြပေးနေ ကြတာပဲ ဖြစ်ပါတယ်

မြင့်မြတ်နဲ့ အနီးကပ်နေသူ တပည့်နှစ်ယောက်ကလည်း သူတို့ရဲ့ ဆရာနဲ့ ပက်သတ်ပြီးပရိသတ်တွေ ထင်ထားသလို မဟုတ်ကြောင်းအသီးသီး ပြောလာတာကို တွေ့ရပါတယ်။သေချာမသိပဲနဲ့ မဝေဖန်ကြပါနဲ့ဗျာ နားလည်မှု လွဲနေကြလို့ပါ

ကိုမြင့်မြတ်နဲ့ ပတ်သက်တဲ့သူတွေအားလုံး အစ်ကို့စိတ်ထားကို သိကြပါတယ်။အနန္တော အနန္တငါးပါးကို အမြဲ ဦးထိပ်ထားပီး ကျွန်တော့ ဆရာ အားလုံး အပေါ်တာဝန် ကျေခဲ့ပါတယ်။နှလုံးသားကို မြင်အောင်ကြည့်ပါ ဆိုပြီးမြင့်မြတ်ရဲ့ သားတပည့်တွေ ဖြစ်ကြတဲ့

ကိုဟိန်းနဲ့ ပုပ္ပါးတို့က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသီးသီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ မိဘတွေအပေါ် တာဝန်ကျေတဲ့အပြင် မြင့်မြတ်ရဲ့ဇနီး မခင်သူအောင် ကအင်မတန်

စိတ်သဘောထား ပြည့်ဝတာကြောင့် အခုလို အခြေအနေက မိသားစုချင်းသဘောထား ကွဲလွဲနေတယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ပရိသတ်ကြီးလည်း မြင့်မြတ်အပေါ် နားလည် သဘောပေါက်မယ်လို့ မျှော်လင့် ပါတယ်နော်။

Crd-Original Post

(ZAWGYI)










Crd-Original Post