တိုက်ပွဲသတင်းများအား online ပေါ်အလျင်စလို မတင်ရန် KNU မှ မေတ္တာရပ်ခံ

တိုက်ပွဲသတင်းများအား online ပေါ်အလျင်စလို မတင်ရန် KNU မှ မေတ္တာရပ်ခံ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အကြမ်းဖက်စစ်အုပ်တို့၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလို မတင်ကြရန် KNUမှ ၎င်းတို့၏ Facebook စာမျက်နှာမှ တဆင့် မေတ္တာ ရပ်ခံခဲ့ပါသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည့်အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှု

အကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့ သက်ရောက်ပြီး စစ်မြေပြင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါကြောင်း ရေးသားထားသည်။

ပုံမှန်အားဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း နှင့် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိပါကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျင် online ပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံထားပါသည်။

Crd-Original Post

(ZAWGYI)

တိုက္ပြဲသတင္းမ်ားအား online ေပၚအလ်င္စလို မတင္ရန္ KNU မွ ေမတၱာရပ္ခံ

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ႏွင့္ အၾကမ္းဖက္စစ္အုပ္စုတို႔အၾကား တိုက္ပြဲျဖစ္ပြားျခင္း ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္မွ အၾကမ္းဖက္စစ္အုပ္တို႔၏ တပ္စခန္းမ်ားကို တိုက္ခိုက္သိမ္းယူျခင္းမ်ားကို ၾကားသိရပါက online ေပၚ၌ အလ်င္စလို မတင္ၾကရန္ KNUမွ ၎တို႔၏ Facebook စာမ်က္ႏွာမွ တဆင့္ ေမတၱာ ရပ္ခံခဲ့ပါသည္။

ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားၿပီးသည့္ေနာက္၌ျဖစ္ေစ၊ စခန္းသိမ္းယူၿပီးသည့္ေနာက္၌ျဖစ္ေစ စစ္ေရးအစီအစဥ္အရ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္မွ ဆက္လက္လုပ္ေဆာင္ရမည့္အရာမ်ားရွိေနသည့္အတြက္ေၾကာင့္ စစ္ေရးလႈပ္ရွားမႈ
အေၾကာင္းအရာကို online ေပၚ၌ အလ်င္စလိုတင္ၿပီး ျဖန႔္ေဝလိုက္ပါက ရန္သူကို သတင္းေပးပို႔ရာသို႔ သက္ေရာက္ၿပီး စစ္ေျမျပင္၌ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ဆက္လက္လုပ္ေဆာင္ရမည့္ စစ္ေရးအစီအစဥ္ကို ထိခိုက္မႈျဖစ္ေပၚေစႏိုင္ပါေၾကာင္း ေရးသားထားသည္။

ပုံမွန္အားျဖင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ႏွင့္ အၾကမ္းဖက္စစ္အုပ္တို႔ တိုက္ပြဲျဖစ္ပြားၿပီးသည့္ေနာက္ပိုင္းတြင္ အၾကမ္းဖက္စစ္အုပ္စုတို႔သည္ ေလယာဥ္ျဖင့္လာေရာက္ဗုံးႀကဲပစ္ခတ္ျခင္း ႏွင့္ စစ္ကူတပ္ဖြဲ႕မ်ားေစလြတ္ျခင္းမ်ားကို ျပဳလုပ္လ်က္ရွိပါေၾကာင္းလည္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္မွ တပ္ဖြဲ႕တပ္သားမ်ား စစ္ေျမျပင္ကိစၥရပ္မ်ားၿပီးဆုံး၍ လုံၿခဳံစိတ္ခ်ေသာ ေနရာသို႔ ျပန္လည္ေရာက္ရွိေသာ အခ်ိန္မွသာလ်င္ online ေပၚ၌ သတင္းမ်ားကို ျဖန႔္ေဝၾကရန္ ေမတၱာရပ္ခံထားပါသည္။

Crd-Original Post