မွေးနေ့အလှူအနေနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုပြုခဲ့တဲ့ နေတိုး

ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ (၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ောဆင် မင်းသားချော နေတိုးရဲ့မွေးနေ့ကျရောက်တဲ့ နေရက်မြတ်လေးပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပရိသတ်အချစ်တော် နေတိုးက အသက် (၄၀)တိတိပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

နေတိုးကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ အသက် (၄၀)ပြည့်မွေးနေ့ရက်မြတ်လေးမှာ ကပ်ဘေးတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် အလိုတော်ပြည့်ကျောင်းတိုက်ကနေတစ်ဆင့် လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေတဲ့အလိုတော်ပြည့်ကျောင်းတိုက်ရဲ့ လှူဒါန်းမှုတွေမှာ သူတတ်နိုင်သလောက်ပါဝင်လှူဒါန်းတဲ့အနေနဲ့ အလှူငွေ (၃)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။

 

ဒါ့အပြင်အလိုတော်ပြည့်ကျောင်းတိုက်မှာလည်း ဆွမ်းကပ်လှူဒါန်းတဲ့ ဆွမ်းကပ်အလှူလေးကိုလည်း ကပ်လှူခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် နေတိုးကတော့ ဒီနေ့မှာအသက် (၄၀)တိတိကို ပြည့်မြောက်သွားခဲ့ပြီမို့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Ashin kumara

(ZAWGYI)



 




 




Source – Ashin kumara