Master Chef Legends ပြိုင်ပွဲကြီးမှာ Top3 အဆင့် ဝင်ရောက်သွားပြီဖြစ်တဲ့ စု

Master Chef Legends ပြိုင်ပွဲကြီးမှာ Top3 အဆင့် ဝင်ရောက်သွားပြီဖြစ်တဲ့ စု
ပရိသတ်ကြီးရေ အမေရီကန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Master Chef Legendsပြိုင်ပွဲကြီးမှာတော့ မြန်မာမလေးစုက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။

ဒီပြိုင်ပွဲကြီးမှာ ပထမဆုံး မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ စုအတွက် မြန်မာလူမျိုးတွေကတော့ စုကို အင်တိုက်အားတိုက်နဲ့ကို အားပေးနေခဲ့ကြပါသေးတယ်။

စုကလည်း အားပေးရကျိုးနပ်အောင် ပြိုင်ပွဲတစ်လျှောက်မှာ ကြိုးစားပမ်းစားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်တွေဆီကနေ မှတ်ချက်ကောင်းတွေကိုလည်း တော်တော်များများရရှိထားခဲ့သူတစ်ယောက်ပါ။

 

Master Chef Legends ပြိုင်ပွဲကြီးကလည်း တစ်ပတ်ထက်တစ်ပတ်ကို ပြိုင်ပွဲဝင်တွေရဲ့ အားသွန်ခွန်စိုက်ယှဉ်ပြိုင်မှုတွေနဲ့ တော်တော်လေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင်ကြည့်နေခဲ့ရတဲ့ အထိ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပြီး ဒီတစ်ပတ်မှာတော့ Top (3)ရွေးချယ်ခဲ့တဲ့အပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

 

မြန်မာမလေးစုကတော့ ဒီတစ်ပတ် ထုတ်လွှင့်ပြသခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားချက်ပြုတ်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်အနေနဲ့ Top (3)ထဲဝင်ရောက်ခဲ့ကာ Final ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ စုကိုအားပေးနေကြတဲ့ စုရဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကို ပျော်ရွှင်ဖွယ်ရာ သတင်းလေးပဲဖို့ CeleZone ပရိသတ်ကြီးတွေအတွက်လည်း သတင်းကောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Banmaw Traditional Food, MasterChef

(ZAWGYI)


 


 

 

