ပရိသတ်တွေနဲ့အတူ ပြည်သူတွေအတွက် အထွေထွေလိုအပ်တာတွေအသုံးပြုဖို့ အလှူငွေတွေလှူဒါန်းခဲ့တဲ့ ဘုန်းရှိန်ခန့်

ပရိသတ်တွေနဲ့အတူ ပြည်သူတွေအတွက် အထွေထွေလိုအပ်တာတွေအသုံးပြုဖို့ အလှူငွေတွေလှူဒါန်းခဲ့တဲ့ ဘုန်းရှိန်ခန့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ဘုန်းရှိန်ခန့်ကတော့ မနေ့က စက်တင်ဘာလ (၈)ရက်နေ့မှာလည်း ပရိသတ်တွေအတွက် အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ဘုန်းရှိန်ခန့်နဲ့ သူ့ရဲ့ပရိသတ်တွေက စုပေါင်းလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ပရဟိတမသင်းကနေတစ်ဆင့် လိုအပ်နေတဲ့ ပြည်သူတွေအတွက် အထွေထွေလှူဒါန်းမှုတွေမှာ လှူဒါန်းအသုံးပြုနိုင်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဘုန်းရှိန့်ခန်ကတော့ ပြီးခဲ့တဲ့ တစ်ခါကလည်း အခုလိုပဲလှူဒါန်းပေးခဲ့ဖူးပြီး အခုတစ်ခေါက်မှာတော့ ဒုတိယအကြိမ်မြောက်အဖြစ် (၃)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။

ဘုန်းရှိန်ခန့်ရော ပါဝင်လှူဒါန်းပေးကြတဲ့ ပရိသတ်တွေရော အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် ကပ်ကြီး(၃)ပါးဘေးကနေ ကင်လွတ်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးတွေကလည်း ဘုန်းရှိန်ခန့်တို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ

(ZAWGYI)





