အောက်စီဂျင်တွေထိုးကျပြီး ရုတ်တရက်ဆေးရုံတင်လိုက်ရတဲ့ဦးချစ်စရာရဲ့လက်ရှိအခြေအနေကို ဗီဒီယိုရိုက်ပြီး ပြသလာတဲ့ ဝေဠုကျော်

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်လာတဲ့ ဦးချစ်စရာကတော့ မကြာခင် ရက်ပိုင်းက အောက်ဆီဂျင်တွေ ရုတ်တရက် ထိုးကျခဲ့တာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး အောက်ဆီဂျင်အိုးများ သွားရောက် ဌားရမ်းတပ်ဆင်ပေးခဲ့ရပါတယ် ။

အောက်ဆီဂျင်တွေ ကျပြီး နောက်ရက်မှာပဲ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံကို ရုတ်တရက် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ် ။ ဦးချစ်စရာရဲ့ ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်တာကြောင့် ဝေဠုကျော်ကပဲ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ် ။

အခုလည်း ဦးချစ်စရာရဲ့ ကျန်းမာရေး အခြေအနေကို ဗီဒီယိုရိုက်ကာ သူရဲ့ပေ့စ်လေးမှာ ဖော်ပြထားပါတယ် ။ အောက်ဆီဂျင်တော့ လောလောဆယ် ရှူနေရသေးတာကိုတွေ့ရပြီး ဦးချစ်စရာ အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

ရုပ်သံဖိုင်ကြည့်ရန် နှိပ်ပါ

Credit – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)





Credit – Cele Zone

Photo – Wai Lu Kyaw