“ယခုလတ်တလော နေအိမ် နဲ့ ဆိုင်များ ဖောက်ထွင်းခံရမှူများပြားလာ”

ယခုလတ်တလောမှာ နေအိမ်နဲ့ဆိုင်များ ဖောက်ထွင်းခံရမှူတွေကိုလူမှုကွန်ယက်ပေါ်မှာ အများအပြားတွေ့မြင်လာရတာကြောင့် ပြည်သူများအနေနဲ့ အိမ်လုံခြုံရေး ဆိုင်လုံခြုံရေးများအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သော့ဖြတ်ခိုးမှုတွေက ကာကွယ်ရန်သော့ကို နှစ်လုံးအနည်းဆုံးလောက် သေချာစွာခတ်ကြဖို့ ပြည်သူတွေက အချင်းချင်း
တိုက်တွန်းထားကြပါတယ်။ ပြည်သူတစ်ဦးကလည်းသူ့တွေ့ကြုံခဲ့ရတာကို အခုလိုပြန်လည်ပြောပြတာက…

“သတိထားကြပါ။သတိထားကြပါသတိထားကြပါ။


(သူခိုးတွေ)အရမ်းရဲတင်းပြီးသောင်းကျန်းနေပါတယ်.။သတိထားကြပါခင်ဗျာ။ ညက.2:30AM,ကျွန်တော်စာရေးနေရင်းအိမ်ရှေ့ခြံတံခါးကသော့ခလောက်သံကြားတော့ ထွက်အကြည့်လူနှစ်ယောက်လက်နှိုက်ပြီးတံခါးဖွင့်နေပါပြီ..။ကျွန်တော်လည်းသူခိုးဗျိုးလို့ အားကုန်အော်ပြီးဆင်းလိုက်ခဲ့ပါတယ်.။ခြံထဲမှာဆိုက်ကယ်Auto ဘီးရယ်
battery ဘီးရယ်ရှိပါတယ်။တစ်စီးမှမပါသွားခဲ့ပါဘူး။(အဓိကပြောချင်တာကသော့ခလောက်တစ်ခုတည်းခတ်လို့မလုံလောက်ပါဘူး)။
(ပင်မသော့ရယ်နောက်ထပ်သံကြိုးပတ်ပြီးခတ်ရတဲ့သော့ရယ်ခတ်ထားတာပါ။)
အခုကပင်မသော့ကဖြတ်ထားပြီးနောက်သော့တစ်ခုဖြတ်နေစဥ်အသံထွက်လို့သတိထားမိတာပါ။ဖြစ်နိုင်ရင်တံခါးမှာလှုပ်မိထိမိလျှင်အသံမြည်စေမဲ့ခေါင်းလောင်းတွေတပ်ထားရင်ပိုကောင်းပါတယ်။အရမ်းပိရိပါတယ်သူခိုးတွေက..အခုသော့ထက်ကြီးတာတွေတောင်ဖြတ်ပါတယ်၊သံဖြတ်လွှနဲ့ဖြတ်တာပါ.။
သတိတွေ့လျှင်ပတ်ဝန်းကျင်နိုးကြားအောင်သာအရင်ဆုံး(အော်သာအော်ပါ.)

သူခိုးသည်အနည်းဆုံးလူသုံးယောက်(သို့)နှစ်ယောက်ကတော့ပါပါတယ်။ပြေးတာလည်းအရမ်းမြန်ပါတယ်။
ကျွန်တော်ကိုယ့်တွေ့မို့ပါ…ကိုယ့်ကိုပြန်လည်
အသက်အန္တရယ်လည်းပေးနိုင်တာမို့
ခုလိုကာလမှာအိမ်လုံခြုံရေးအားအထူးသတိထားစေလိုပါတယ် …” လို့ရေးသားပြောပြထားပါတယ်။

Crd-Original Post