တစ်ချိန်က သားအဖနှစ်ယောက် အတူ ဆော့ကစားနေတဲ့ ပုံလေးတွေ အလွမ်းပြေကြည့်ပြီး ချစ်ခင်ပွန်းကို လွမ်းဆွတ်သတိရနေတဲ့ နန်းမြတ်ဖြိုးသင်း

တစ်ချိန်က သားအဖနှစ်ယောက် အတူ ဆော့ကစားနေတဲ့ ပုံလေးတွေ အလွမ်းပြေကြည့်ပြီး ချစ်ခင်ပွန်းကို လွမ်းဆွတ်သတိရနေတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ကတော့ ပရိသတ်တွေ အခိုင်အမာ ရရှိထားသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့ သာမကပဲ အဆိုတော်လည်း ဖြစ်ပါတယ် ။

မကြာခင်ကာလကမှ နန်းမြတ်ဖြိုးသင်းက သူမရဲ့ခင်ပွန်းဖြစ်သူ ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတာကြောင့် အတော်လေးကိုဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။

နန်းမြတ်ကိုယ်တိုင်လည်း ကိုဗစ်ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိချိန်မှာတော့ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ချစ်ရတဲ့ ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

ဘဝကို အတတ်နိုင်ဆုံး အရင်ထက်နှစ်ဆ ကြိုးစား ရင်း သားနဲ့သမီးကို စောင့်ရှောက်ပေးမယ်လို့လည်း ဆိုပါတယ် ။

အခုလည်း ချစ်ခင်ပွန်းနဲ့ သားလေးတို့ တစ်ချိန်က တူတူဆော့ကစားခဲ့ကြတဲ့ ပုံရိပ်လေးတွေကို အလွမ်းပြေ ပြန်တင်ရင်း ” နောက်ဆိုဒီလိုလေးတွေမမြင်ရတော့ဘူးပေါ့

အချိန်တွေနောက်ပြန်ရစ်လို့ရရင်ကောင်းမယ် ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nann Myat Phyoe Thinn

(ZAWGYI)









Yuan – Cele Zone

Photo – Nann Myat P