အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ယနေ့နံနက်တွင် အရေးပေါ်အခြေအနေ

ကြေညာခဲ့ပြီးဖြစ်သဖြင့် တ.ိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် စ.စ်ရေးသတိဝီရိယရှိရန် ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။ NUG၏ကြေညာချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်သဖြင့် တ.ိုက်ပွဲများဖြစ်ပေါ်လာနိုင်ပြီး

ပြည်သူလူထုက စ.စ်ရေးသတိရှိရန်လိုကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ ကြေညာချက်နဲ့ပတ်သက်လို့ သုံးသပ်တာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမဲ့ NUGရဲ့ကြေညာချက်ကတော့တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တယ်ဆိုတော့ ပြည်သူလူထုလည်း စ.စ်ရေးသတိဝိရီယနဲ့တော့ နေရမယ်လို့ ကျွန်တော်ပြောလိုပါတယ်။

နေရာတကာမှာ တ.ိုက်ပွဲတွေလည်း ဖြစ်နိုင်ဖွယ်ရှိတာပေါ့။ အဲဒါကြောင့် မိသားစုလုံခြုံရေး၊ တစ်ဦးတစ်ယောက်

ပုဂ္ဂလိကလုံခြုံရေးတွေအားလုံးကတော့ နားစ.ွံ့ပြီးမှ သတိဝီရိယနဲ့နေဖို့တော့လိုမယ်လို့ အသိပေးလိုပါတယ်”ဟု ဆိုသည်။ စ.စ်အာဏာရှင်ကို တ.ိုက်ဖျ.က်နိုင်ခြင်းသည် NUGကာကွယ်ရေးတပ်၏ လုပ်ဆောင်နိုင်မှုနှင့် ပြည်သူလူထုအပေါ်မူတည်သည်ဟု သူက ဆက်ပြောသည်။

“တ.ိုက်ပွဲတွေကတော့ ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လောက်ထိကြိုးစားမလဲ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDFတွေ ပြောရမယ်ဆိုရင် NUGရဲ့ ကာကွယ်ရေးတပ်တွေ ဘယ်လောက်ထိလုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းပေါ့နော်။ အဲ့မှာ မူတည်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကြေညာထားတယ်ဆိုတော့ တ.ိုက်ပွဲကတော့ ဖြစ်မှာပါ”ဟု ဆိုသည်။ ကချင်ပြည်နယ်နှင့် စ.စ်ကိုင်းတိုင်းနယ်စပ်အကြား စ.စ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့များအကြား တ.ိုက်ပွဲဖြစ်ပွားခဲ့ပြီး တ.ိုက်ပွဲနှင့်ပတ်သက်ပြီး

ဗိုလ်မှူးကြီးနော်ဘူက သီးခြားဖြေကြားခဲ့ခြင်းမရှိပါ။ စ.စ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆ.ိုးဝါးသည့်ရ.ာဇဝ.တ်မှုများကို က.ျူးးလ.ွန်လေ့ရှိသဖြင့် လူ့အခွင့်အရေးခ.ျိုးဖေ.ာက်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာကို သတိပေးတိုင်ကြားသင့်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အကြံပြုသည်။

“လူ့အခွင့်အရေးခ.ျိုးဖေ.ာက်တာမျိုးရှိလို့ရှိရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့တော့ လိုပါတယ်။ ဥပမာ မ.ုဒ.ိမ်းကျ.င့်တာတို့၊ နောက်ပြီး ပြည်သူတွေကို န.ှိပ်စ.က်တယ်၊ သ.တ်ဖြ.တ်တယ် လူမှုရေးနဲ့ ပတ်သတ်တဲ့ဟာတွေကို အားလုံးကတော့

သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့ ဆက်သွယ်ဖို့က အရေးကြီးတဲ့အရာဖြစ်ပါတယ်။

အားလုံးဝိုင်းပြီးကြိုးပမ်းဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသအခြေစိုက် ကချင်လွတ်မြောက်ရေးအဖွဲ့သည်

မတ်လမှစတင်ကာ စ.စ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြ.င်းထ.န်စွာတ.ိုက်ခ.ိုက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး မတ်လ ၂၅ရက်တွင် စ.စ်ကောင်စီတပ်များ နှစ်ပေါင်း ၃၀ခန့် နေရာယူထားသည့် တပ်စခန်းတစ်ခုကို တ.ိုက်ခ.ိုက်သ.ိမ်းပ.ိုက်ခဲ့သည်။
Crd-Original Post

(ZAWGYI)