ချစ်ရတဲ့ သားတွေသမီးတွေကို အချိန်ပေးကာ မိခင်ရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စောင့်ရှောက်မှုတွေ ပေးနေတဲ့ ခိုင်နှင်းဝေ

ချစ်ရတဲ့ သားတွေသမီးတွေကို အချိန်ပေးကာ မိခင်ရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စောင့်ရှောက်မှုတွေ ပေးနေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင်

အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒီလို အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ ချစ်ရတဲ့ သားသမီးတွေ အတွက်လည်း မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့

မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

အခုလည်း သားတွေ သမီးတွေကို ကိုယ်တိုင် ရေခဲမုန့်တွေ ခွံကျွေးကာ သေချာလေး အချိန်ပေး ဆော့ကစားနေတဲ့ ပုံရိပ်တွေကိုဝေမျှလာပါတယ် ။

ကလေးငယ်လေးတွေကလည်း မေမေခိုင်နှင်းဝေနဲ့ အတူ ဆော့ကစားရလို့ ပျော်ရွှင်နေကြတာ ပုံထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီး အတွက် ထို ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)




 




 





Yuan – Cele Zone

Photo – Khine Hnin Wai