စွပ်စွဲချက်တစ်ခုကြောင့် အမှိုက်သိမ်းသမားအဖြစ်သို့ ရောက်သွားခဲ့ရတဲ့ အဘိုးတစ်ဦး

လမ်းပေါ်တွင်နေထိုင်ခြင်း၊ ဟောင်းနွမ်းတဲ့တီရှပ်ကိုဝတ်ဆင်ခြင်းနှင့် အမှိုက်များကိုစုဆောင်းခြင်းတို့ဟာ ပညာတတ်သူတစ်ဦးနှင့်လုံးဝမသက်ဆိုင်တဲ့အရာလို့ လူအများက ထင်မိတတ်ကြပါတယ်။ ထို့ကြောင့် ဒီအဘိုးတစ်ဦးဟာ ၎င်းတို့ထင်ထားတာထက် ပိုဗဟုသုတရနိုင်တယ်ဆိုတာကို အင်တာနက်က ရှာဖွေတွေ့ရှိသွားတဲ့အခါ အံ့သဩစရာတော့မဟုတ်နေတော့ပါဘူး။

Malate-Ermita ဒေသရှိအမှိုက်စုဆောင်းသူတစ်ဦးဖြစ်တဲ့ အဘိုး Alfredo Manuel ဟာ ဖိလစ်ပိုင်နိုင်ငံမနီလာတက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်တဲ့ Debei Cargando က သူ့ရဲ့အဖြစ်အပျက်ကို social media ပေါ်ပြန်လည်မျှဝေပေးခဲ့ပြီးနောက် လူပြောများလာခဲ့ပါတယ်။

ပထမဆုံးအတွေ့အကြုံနဲ့အနေ အဘိုး Alfredo ဟာ အိမ်ရာမဲ့ဖြစ်ပုံရပေမဲ့ တကယ်တမ်း မဟုတ်ခဲ့ဖူးပါဘူး။ အဘိုး Alfredo ဟာ အမှန်စင်စစ် ကျောင်းဆရာနှင့် နိုင်ငံ့ဝန်ထမ်းစာမေးပွဲများအတွက် လိုင်စင်စာမေးပွဲအောင်မြင်ခဲ့ပြီး ဘွဲ့ရသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မနီလာမြို့သမိုင်းပါမောက္ခ Benjie Mangubat ဟာ အဘိုး Alfredo ရဲ့ပုံများကို ရိုက်ကူးခဲ့တဲ့သူ့ရဲ့ကျောင်းသား Debei Alfredo နှင့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အင်တာဗျူးတွင် ပါမောက္ခ Mangubat က အဘိုး Alfredo ဟာ တစ်ချိန်က မူလတန်းကျောင်းတစ်ခုတွင် သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ခဲ့ကြောင်းကို သိရှိခဲ့ပါတယ်။

သို့သော် အဘိုးဟာ ပိုမိုကောင်းမွန်သောဘဝကို အိမ်မက်မက်ခဲ့တာကြောင့် သူဟာ ပညာဆက်လက်လေ့လာဆည်းပူးရန် ဆုံးဖြတ်ခဲ့ပါတယ်။

နှစ်များကြာပြီးနောက် Alfredo ဟာ ပညာရေးဘွဲ့ဖြင့် East University မှာတက်ရောက်ခဲ့ပြီးနောက် သူဟာ ၁၉၉၂ ခုနှစ်တွင် လိုင်စင်ရဆရာတစ်ဦးဖြစ်လာရန် ဘုတ်အဖွဲ့စာမေးပွဲအောင်မြင်ခဲ့ပြီး နောက်ပိုင်းတွင်နိုင်ငံဝန်ထမ်းစာမေးပွဲများကိုပါ အောင်မြင်ခဲ့ပါတယ်။Alfredo က သူယခင်က အလုပ်လုပ်ခဲ့တဲ့မူလတန်းကျောင်းမှာ

တရားဝင်ဆရာတစ်ဦးအဖြစ်လျှောက်ထားတဲ့အခါ သူ့ရဲ့စိတ်ကူးအိမ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ ခြေတစ်လှမ်းသာလိုတယ်လို့ ထင်ခဲ့ပါတယ်။ကံမကောင်းစွာဖြင့် ၎င်းကျောင်း၌ သူ့အားသူခိုးအဖြစ် စွဲချက်တင်ထားခဲ့သည်ကိုနောက်ပိုင်းတွင် သိလိုက်ရပါတယ်။ သူဟာ ရာဇဝတ်မှုနှင့်စွဲချက်များကို သေချာမသိခဲ့ပေမဲ့ သူ့ရဲ့အပြစ်ကင်းစင်ကြောင်းကို

သက်သေပြရန်လည်း မလွယ်ကူခဲ့ပါဘူး။ Alfredo ဟာ သူသည်အမှန်တကယ်အပြစ်မရှိကြောင်းသက်သေပြရန်နှင့်စွဲချက်ကိုရုပ်သိမ်းရန် ကြိုးစားရင်း နောက်ငါးနှစ်အထိ အချိန်ကုန်လွန်သွားခဲ့ရပါတယ်။

သို့သော် ၎င်းပြဿာနာဟာ အကြောင်းမထူးလာတာကြောင့် အဘိုးဟာ ဆရာတစ်ဦးဖြစ်ဖို့အိမ်မက်ကို ဆုံးရှုံးလိုက်ရပြီး သူမသိလိုက်တဲ့အချိန်မှာ အမှိုက်များကို ပြန်လည်ရောင်းချရန် လမ်းပေါ်ရှိ အမှိုက်စုဆောင်းသူတစ်ဦးအဖြစ် ဘဝသစ်တစ်ခုကို စတင်ခဲ့ရပါတော့တယ်။

အင်တာဗျူးအပြီး အဘိုး Alfredo အား လူသိများလာအောင်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ စိတ်သဘောထားပြည့်ဝသူတွေက အဘိုးကိုအဖော်ပြုပေးမဲ့ စာအုပ်တွေကို ဝေငှပေးခဲ့ကြပြီး တစ်ချို့တွေကလည်း အဘိုးအား အစားအသောက်များ ဝေဌပေးခဲ့ပါတယ်။

Alfredo ဟာတက္ကသိုလ်၌နှစ်ပေါင်းများစွာပညာသင်ကြားခဲ့စဉ်က ပိုမိုကောင်းမွန်သောအနာဂတ်ကို အိမ်မက်မက်ခဲ့သူပါ။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမသိလိုက်တဲ့စွပ်စွဲချက်တစ်ခုကြောင့် သူ့ရဲ့အနာဂတ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။

Crd-Original Post