အိမ်ခြေမဲ့ခွေးပေါင်း ၈,၀၀၀ ကို ကယ်တင်ခဲ့ပြီး တစ်ကိုယ်တော်တည်းပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါး

အိမ်ခြေမဲ့ခွေးပေါင်း ၈,၀၀၀ ကို ကယ်တင်ခဲ့ပြီး တစ်ကိုယ်တော်တည်းပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါး

တရုတ်နိုင်ငံရှိ သက်တော် ၅၁ နှစ် အိမ်နာမည် Zhi Xiang အမည်ရှိတရုတ်ဘုန်းတော်ကြီးတစ်ပါးဟာ စွန့်ပစ်ခံထားရတဲ့ အိုးမဲ့အိမ်မဲ့ခွေးအကောင်ရေ စုစုပေါင်း ၈,၀၀၀ ကို ကယ်တင်ကာ မွေးစားခဲ့ပါတယ်။ဘုန်းတော်ကြီးဟာ သနားစရာကောင်းတဲ့တိရိစ္ဆာန်များအထဲမှ ခွေးအများစုကို ကယ်တင်ခဲ့ပါတယ်။

ခွေးလေးတွေကို မွေးစားလိုက်ပြီးတိုင်း ဘုန်းတော်ကြီးဟာ ၎င်းသနားစရာကောင်းတဲ့တိရိစ္ဆာန်လေးများကို သူ့မြို့မှာရှိတဲ့ သူစီမံထားတဲ့ကယ်ဆယ်ရေးစခန်းသို့ ခေါ်ဆောင်သွားတတ်ပါတယ်။

ဘုန်းတော်ကြီးခေါ်လာတဲ့ထိုခွေးလေးများစွာထဲမှအနက်ဟာ ဥရောပ ၊ မြောက်အမေရိကနှင့် အခြားနိုင်ငံများရှိပိုင်ရှင်အသစ်များစွာရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတယ်။

စိတ်နှလုံးသားနွေးထွေးတဲ့ဘုန်းတော်ကြီးကသာ ထိုခွေးလေးတွေကိုမကယ်တင်ရင် ၎င်းတို့ဟာ သေဆုံးသွားနိုင်ပါတယ်။ ဘုန်းတော်ကြီးဟာ ထိုခွေးလေးများအား ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ဆေးများလည်း ထိုးပေးခဲ့ပါတယ်။

ဘုန်းတော်ကြီး Zhi Xiang က ၁၉၉၄ ခုနှစ်ကတည်းက တိရိစ္ဆာန်များစွာကို စောင့်ရှောက်ပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ လမ်းဘေးမတော်တဆမှုတစ်ခုရှိ သနားစရာကြောင်လေးများကို ကယ်တင်ခြင်းဖြင့် ဘုန်းတော်ကြီးဟာ ဒီအလုပ်ကောင်းကိုစတင်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းအချို့နှင့် ဝန်ထမ်းများရဲ့အကူအညီဖြင့် ဘုန်းတော်ကြီးက သူ့ရဲ့ဘုန်းကြီးကျောင်းမှာ ရာနှင့်ချီတဲ့အိုးမဲ့အိမ်မဲ့ခွေးလေးတွေကို ကိုယ်တိုင်ပြုစုပေးနေခဲ့ပါတယ်။ဘုန်းတော်ကြီးဟာ ကြောင်၊ ခွေး ၊ ငန်း ၊ ကြက်များနှင့် ဒေါင်းများကဲ့သို့သော ကွဲပြားခြားနားတဲ့ သခင်မဲ့တိရိစ္ဆာန်အများစုကို ကယ်တင်ခဲ့ပါသေးတယ်။

ဘုန်းတော်ကြီးဟာ မကြာခဏဖျားနာပြီး ဒဏ်ရာရနေတဲ့တိရိစ္ဆာန်များကို သူကိုယ်တိုင်ကြည့်ရှုပြီး ၎င်းတို့မသက်သာမှသာ ဆေးခန်းသို့ ပို့ပေးလေ့ရှိပါတယ်။

တိရိစ္ဆာန်ကုသရေးသင်တန်းမျိုးကို မတက်ခဲ့ဖူးပေမဲ့ ဘုန်းတော်ကြီး Zhi က ၎င်းတို့ကို ကောင်းကောင်းစောင့်ရှောက်နိုင်နေဆဲဖြစ်ပါတယ်။

ဘုန်းတော်ကြီး Zhi က သူကျွေးမွေးထားတဲ့တိရိစ္ဆာန်လေးများအား သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ကြင်နာအပြုအမူတို့ဖြင့်ချစ်ကြောင်းဖော်ပြလေ့ရှိပြီး သူ့ရဲ့လက်များဖြင့်လည်း တိရိစ္ဆာန်များရဲ့အသက်ပေါင်းများစွာကိုပါ ကယ်တင်ပေးခဲ့ပါတယ်။

ထို့အပြင် တိရိစ္ဆာန်များကိုပြုစုပျိုးထောင်ဖို့ရန်ပုံငွေဟာ အလွန်ပင် ကြီးမားများပြားလှပါတယ်။ ထို့ကြောင့် ဘုန်းတော်ကြီး Zhi က မိဘများ ၊ သူငယ်ချင်းများထံမှငွေများချေးယူပြီး အလှူရှင်များထံမှလည်း ငွေများစုဆောင်းနေရပါတယ်။

ထို့အပြင် ဘုန်းတော်ကြီးရဲ့အဖွဲ့မှ စေတနာ့ဝန်ထမ်းများကလည်း ၎င်းအိမ်ခြေမဲ့၊ သခင်မဲ့ခွေးလေးများအတွက် ပိုင်ရှင်သစ်များကိုပါ ကူညီရှာဖွေပေးနေကြရပါတယ်။

Crd-Original Post

(ZAWGYI)

အိမ္ေျခမဲ့ေခြးေပါင္း ၈,၀၀၀ ကို ကယ္တင္ခဲ့ၿပီး တစ္ကိုယ္ေတာ္တည္းျပဳစုေစာင့္ေရွာက္ေပးေနခဲ့တဲ့ ဘုန္းေတာ္ႀကီးတစ္ပါး

တ႐ုတ္ႏိုင္ငံရွိ သက္ေတာ္ ၅၁ ႏွစ္ အိမ္နာမည္ Zhi Xiang အမည္ရွိတ႐ုတ္ဘုန္းေတာ္ႀကီးတစ္ပါးဟာ စြန႔္ပစ္ခံထားရတဲ့ အိုးမဲ့အိမ္မဲ့ေခြးအေကာင္ေရ စုစုေပါင္း ၈,၀၀၀ ကို ကယ္တင္ကာ ေမြးစားခဲ့ပါတယ္။ဘုန္းေတာ္ႀကီးဟာ သနားစရာေကာင္းတဲ့တိရိစာၦန္မ်ားအထဲမွ ေခြးအမ်ားစုကို ကယ္တင္ခဲ့ပါတယ္။

ေခြးေလးေတြကို ေမြးစားလိုက္ၿပီးတိုင္း ဘုန္းေတာ္ႀကီးဟာ ၎သနားစရာေကာင္းတဲ့တိရိစာၦန္ေလးမ်ားကို သူ႔ၿမိဳ႕မွာရွိတဲ့ သူစီမံထားတဲ့ကယ္ဆယ္ေရးစခန္းသို႔ ေခၚေဆာင္သြားတတ္ပါတယ္။

ဘုန္းေတာ္ႀကီးေခၚလာတဲ့ထိုေခြးေလးမ်ားစြာထဲမွအနက္ဟာ ဥေရာပ ၊ ေျမာက္အေမရိကႏွင့္ အျခားႏိုင္ငံမ်ားရွိပိုင္ရွင္အသစ္မ်ားစြာရဲ႕ ေမြးစားျခင္းကို ခံခဲ့ရပါတယ္။

စိတ္ႏွလုံးသားေႏြးေထြးတဲ့ဘုန္းေတာ္ႀကီးကသာ ထိုေခြးေလးေတြကိုမကယ္တင္ရင္ ၎တို႔ဟာ ေသဆုံးသြားႏိုင္ပါတယ္။ ဘုန္းေတာ္ႀကီးဟာ ထိုေခြးေလးမ်ားအား ကိုယ္တိုင္ကိုယ္က် ကာကြယ္ေဆးမ်ားလည္း ထိုးေပးခဲ့ပါတယ္။

ဘုန္းေတာ္ႀကီး Zhi Xiang က ၁၉၉၄ ခုႏွစ္ကတည္းက တိရိစာၦန္မ်ားစြာကို ေစာင့္ေရွာက္ေပးခဲ့ပါတယ္။ အစပိုင္းမွာေတာ့ လမ္းေဘးမေတာ္တဆမႈတစ္ခုရွိ သနားစရာေၾကာင္ေလးမ်ားကို ကယ္တင္ျခင္းျဖင့္ ဘုန္းေတာ္ႀကီးဟာ ဒီအလုပ္ေကာင္းကိုစတင္ခဲ့ပါတယ္။

ေစတနာ့ဝန္ထမ္းအခ်ိဳ႕ႏွင့္ ဝန္ထမ္းမ်ားရဲ႕အကူအညီျဖင့္ ဘုန္းေတာ္ႀကီးက သူ႔ရဲ႕ဘုန္းႀကီးေက်ာင္းမွာ ရာႏွင့္ခ်ီတဲ့အိုးမဲ့အိမ္မဲ့ေခြးေလးေတြကို ကိုယ္တိုင္ျပဳစုေပးေနခဲ့ပါတယ္။ဘုန္းေတာ္ႀကီးဟာ ေၾကာင္၊ ေခြး ၊ ငန္း ၊ ၾကက္မ်ားႏွင့္ ေဒါင္းမ်ားကဲ့သို႔ေသာ ကြဲျပားျခားနားတဲ့ သခင္မဲ့တိရိစာၦန္အမ်ားစုကို ကယ္တင္ခဲ့ပါေသးတယ္။

ဘုန္းေတာ္ႀကီးဟာ မၾကာခဏဖ်ားနာၿပီး ဒဏ္ရာရေနတဲ့တိရိစာၦန္မ်ားကို သူကိုယ္တိုင္ၾကည့္ရႈၿပီး ၎တို႔မသက္သာမွသာ ေဆးခန္းသို႔ ပို႔ေပးေလ့ရွိပါတယ္။

တိရိစာၦန္ကုသေရးသင္တန္းမ်ိဳးကို မတက္ခဲ့ဖူးေပမဲ့ ဘုန္းေတာ္ႀကီး Zhi က ၎တို႔ကို ေကာင္းေကာင္းေစာင့္ေရွာက္ႏိုင္ေနဆဲျဖစ္ပါတယ္။

ဘုန္းေတာ္ႀကီး Zhi က သူေကြၽးေမြးထားတဲ့တိရိစာၦန္ေလးမ်ားအား သူ႔ရဲ႕ႏူးညံ့သိမ္ေမြ႕တဲ့ၾကင္နာအျပဳအမူတို႔ျဖင့္ခ်စ္ေၾကာင္းေဖာ္ျပေလ့ရွိၿပီး သူ႔ရဲ႕လက္မ်ားျဖင့္လည္း တိရိစာၦန္မ်ားရဲ႕အသက္ေပါင္းမ်ားစြာကိုပါ ကယ္တင္ေပးခဲ့ပါတယ္။

ထို႔အျပင္ တိရိစာၦန္မ်ားကိုျပဳစုပ်ိဳးေထာင္ဖို႔ရန္ပုံေငြဟာ အလြန္ပင္ ႀကီးမားမ်ားျပားလွပါတယ္။ ထို႔ေၾကာင့္ ဘုန္းေတာ္ႀကီး Zhi က မိဘမ်ား ၊ သူငယ္ခ်င္းမ်ားထံမွေငြမ်ားေခ်းယူၿပီး အလႉရွင္မ်ားထံမွလည္း ေငြမ်ားစုေဆာင္းေနရပါတယ္။

ထို႔အျပင္ ဘုန္းေတာ္ႀကီးရဲ႕အဖြဲ႕မွ ေစတနာ့ဝန္ထမ္းမ်ားကလည္း ၎အိမ္ေျခမဲ့၊ သခင္မဲ့ေခြးေလးမ်ားအတြက္ ပိုင္ရွင္သစ္မ်ားကိုပါ ကူညီရွာေဖြေပးေနၾကရပါတယ္။

Crd-Original Post