ခက်ခဲနေတဲ့ အနုပညာသမားအယောက် (၁၀၀)စာအတွက် စားသောက်ကုန်တွေသွားရောက်လှူဒါန်းပေးခဲ့တဲ့ အေးသီတာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီး အေးသီတာကတော့ မနေ့က စက်တင်ဘာလ (၆)ရက်နေ့က အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ အနုပညာသမားအယောက် (၁၀၀)အတွက်လှူဒါန်းတဲ့ အလှူလေးပဲဖြစ်ပါတယ်။လှူဒါန်းပေးတဲ့ အလှူရှင်ကတော့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော မေကဗျာကလှူဒါန်းပေးတာဖြစ်ပြီး

အေးသီတာကတော့ ကိုယ်တိုင်စီစဉ်ပြီး အလှူခံပုဂ္ဂိုလ်တွေဆီကိုရောက်အောင် သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီကာလမှာစားဝတ်နေရေးခက်ခဲနေတဲ့ အနုပညာသမားတွေအတွက် ဆန်၊ဆီ၊ဆေး၊ကြက်သွန် တို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

လှူဒါန်းပေးတဲ့ မေကဗျာရော အဆင်ပြေပြေနဲ့ပြီးမြောက်အောင် စီစဉ်လှူဒါန်းပေးတဲ့ လုပ်အားဒါနပြုတဲ့ မအေးသီတာရော ကပ်ဘေးကြီးတွေကနေ ကင်းလွတိပြီး

စီးပွားလာဘ်လာဘတွေ ဆထက်တပိုးတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

ရုပ်သံဖိုင်ကြည့်ရန် နှိပ်ပါ

Source – Aye Thida

(ZAWGYI)







Source – Aye Thida