လိုအပ်တဲ့သူတွေအတွက် အောက်စီဂျင်စက်တွေလှူဒါန်းပေးခဲ့တဲ့ စန္ဒီမြင့်လွင်

လိုအပ်တဲ့သူတွေအတွက် အောက်စီဂျင်စက်တွေလှူဒါန်းပေးခဲ့တဲ့ စန္ဒီမြင့်လွင်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ မနေ့က လိုအပ်နေတဲ့ပြည်သူတွေအတွက် အောက်စီဂျင်လှူဒါန်းတဲ့အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

စန္ဒီမြင့်လွင်တို့ မိသားစုက လိုအပ်တဲ့သူတွေအတွက် အမြဲတမ်းလိုလို တတ်နိုင်သလောက် လှူဒါန်းပေးနေခဲ့တဲ့ သူတစ်ယောက်ပါ။မနေ့ကစက်တင်ဘာလ (၆)ရက်နေ့မှာလည်း

စန္ဒီမြင့်လွင်တို့မိသားစုက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီလမ်း၊၈-မိုင်ခွဲမှာတည်ရှိတဲ့ ကန်ဦးဇေတဝန်စာသင်တိုက်မှာ သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

လိုအပ်တဲ့သူတွေအတွက်ရည်ရွယ်ပြီး 5L-10L နှစ်မျိုးသုံးအောက်စီဂျင်စက်တစ်လုံးကို လှူဒါန်းပေးခဲ့တာပါ။

အခုလို လှူဒါန်းပေးတဲ့ အကျိုးကြောင့် စန္ဒီမြင့်လွင်တို့ မိသားစုလည်း နောက်နောင်မှာ ဒီထက်မကပိုမိုလှူဒါန်းပေးနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးတွေလည်း စန္ဒီမြင့်လွင်တို့ မိသားစုရဲ့ အဠှူလေးကို သာါ်ုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – ကန်ဦးဇေတဝန်စာသင်တိုက်

(ZAWGYI)





 




 


