ဆရာတော် တစ်ပါးရဲ့ အိမ်ခြေ (၆၀၀)စာ အလှူလေးမှာ ကိုယ်တိုင် အစအဆုံး လုပ်အားပေး ပါဝင်ကာ ကုသိုလ် ယူခဲ့တဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရထားတဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။

ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ လင်းအောင်ခေတ်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တာပွန်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင်လင်းအောင်ခေတ်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။

လင်းအောင်ခေတ်က တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားအကူအညီပေးနေတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ် ။

အခုလည်း ဆရာတော် တစ်ပါးရဲ့ အိမ်ခြေ (၆၀၀) စာ အလှူလေးမှာ သူကိုယ်တိုင် လုပ်အားပေး ပါဝင်ရင်း ကုသိုလ် ယူခဲ့ကြောင်း ဝေမျှလာပါတယ်။

အလှူပုံတွေနဲ့ အတူ ” အိမ်ခြေ ၆၀၀စာ အတွက် ဘုန်းဘုန်း ဦးဆောင်သော အလှူလေးမှာ ပါဝင်အားဖြည့် ..ပြုသမျှကုသိုလ် အားလုံးထပ်တူရကြပါစေ..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Lin Aung Khit

(ZAWGYI)








Yuan – Cele Zone

Photo – Lin Aung Khit