D Day ကြေညာအပြီး မကွေးတိုင်း မြို့ ၄ မြို့က စကစ လက်အောက်ခံ ၅ ခုကို သိမ်းပိုက်

D Day ကြေညာအပြီး မကွေးတိုင်း မြို့ ၄ မြို့က စကစ လက်အောက်ခံ ၅ ခုကို သိမ်းပိုက်

D Day ကြေညာအပြီး မကွေးတိုင်း မြို့ ၄ မြို့က စကစ လက်အောက်ခံ ၅ ခုကို သိမ်းပိုက်မကွေးတိုင်းအတွင်းက မြို့ ၄ မြို့က စစ်ကောင်စီရဲ့လက်အောက်ခံနေရာ ၅ နေရာကို

စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီသိရပါတယ်။ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ တောင်တွင်းကြီးမြို့က ခမရ ၁၀၃ တပ်ရှေ့ရှိ

တပ်လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့က မြန်မာ့စီးပွားရေးဘဏ်က လုံခြုံရေးဂိတ်ကင်း၊နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်၊

မြို့သစ်မြို့နယ်က က.ပ.စ (၁၇) ကိုသွယ်တန်းထားတဲ့11KV ဓာတ်အားလိုင်းက တိုင် ၂ တိုင်နဲ့ ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်က စည်ပင်ဦးစီးမှူးရဲ့နေအိမ် တွေကို လက်ဗစ်ဗုံးနဲ့

ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခ.မ.ရ (၁၀၃) နဲ့နီးစပ်သူတဦးက ”ဂိတ်ကင်းကိုအထုခံရတာ။ အစောင့်တွေထိတယ်တော့ကြားတယ်။ သေလားရှင်လားဆိုတာတော့ မသိရသးဘူး” လို့ပြောပါတယ်။နတ်မောက်မြို့က

မြန်မာ့စီးပွားရေးဘဏ်ဂိတ်ကင်းက စစ်သားအစောင့်တွေလည်း ဗုံးစထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီး ကုလားရှင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ကတော့ လူမထိဘဲ နေအိမ်

အနည်းငယ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

”က.ပ.စ ၁၇ ကိုသွားတဲ့ ကွန်ကရစ်ဓါတ်တိုင်ကြီး ၂ တိုင်လဲနေတာတွေ့တယ်။ အန္တရာယ်ရှိမှာကြောက်လို့ အနားတော့ သွားမကြည့်ဘူး” လို့ ဒေသခံကျေးရွာသားတဦးက

ပြောပါတယ်။ရေစကြိုမြို့က စည်ပင်ဦးစီးမှူးရဲ့ နေအိမ်ပျက်ဆီးမှုတော့မသိရသေးတဲ့အတွက်ဆက်လက်စုံစမ်းနေပါတယ်။

အခုဗုံးခွဲတိုက်ခိုက်မှုတွေကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့

ပြည်သူ့တော်လှန်ရေးတိုက်ပွဲခေါ်သံစတင်ကြေငြာတဲ့နေ့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

Crd-Original Post