ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းပြန်လာပြီး အေးတူပူအမျှ အတူနေထိုင်ကြရန် စစ်ကောင်စီဥက္ကဋ္ဌဆို

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကို ပြည်တွင်းပြန်လည် လာရောက်ကြဖို့ လာရောက်မည်ဆိုပါကလည်း အဆင်ပြေအောင်စီစဉ်ပေးပြီး ပြသနာရှာစရာလည်းမလိုကြောင်း နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင်ပြောကြားလိုက်သည်။

” ကျွန်တော်တို့အစိုးရဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အရိပ်ပါပဲ အဲ့အဓိအရိပ်ကို အေးတူပူအမျှ အတူတကွခံစားကြဖို့ ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးခေါ်ခိုင်းလိုက်တာပါ အရင်ကအကုန်ပိတ်ထားတယ် ကျွန်တော့လက်ထက်မှာ ကျွန်တော်အကုန်ပြန်ခေါ်ပါတယ် ဟိုမှာနေမယ်ဆိုရင် ဒီလူတွေရဲ့ဘဝမျှော်မှန်းချက်ဟာ တော်တော့ကိုမတွေးဝင့်စရာဖြစ်ပါတယ် ဘာအခက်ခဲရှိရှိ သံရုံးတွေကတစ်ဆင့် ဆက်သွယ်ပြီးပြန်လာလို့ရပါတယ် ကျွန်တော်တို့ပစ်မထားဘူး ” ဟု စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှပြောကြားခဲ့တာပဲဖြစ်ပါတယ်။

၎င်း၏ပြောကြားချက်နှင့်ပတ်သက်ပြီး လက်ရှိတွင် ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံသားများတွင်သာမက ပြည်တွင်းပြောင်းရွှေ့နေထိုင်နေသူများနေရပ်ပြန်လာသည့်အခါ သင်္ကာမကင်းစောင့်ကြည့်ခံရမှုများနှင့် ဖမ်းဆီးအရေးယူခံရမှုများရှိနေကြောင်းသိရသည်။

Crd-Original Post