ဘဝ မှာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ဖို့ကချင်လူမျိုးတယောက် ဖြစ်ခဲ့သည့်တိုင် တခါမှ စိတ်မကူးဖူးပါ

ဘဝ မှာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ဖို့ကချင်လူမျိုးတယောက် ဖြစ်ခဲ့သည့်တိုင် တခါမှ စိတ်မကူးဖူးပါ

ငြိမ်းချမ်းရေး ဖြစ်စဥ်တွေ ဆည်းပူးခဲ့သူ တယောက်၊ အကြမ်းမဖက်တော်လှန်ရေး (Nonviolence) ကို တစိုက်မတ်မတ် အားပေးလာခဲ့သူတယောက်၊ Nonviolence အကြောင်းသုတေသနလဲ လုပ်ခဲ့ဖူးသူတယောက် အနေနဲ့၊ ကမ္ဘာမှာ ဖြစ်ခဲ့သမျှ တော်လှန်ရေး သုတေသန data များအရ Nonviolence Resistance ဟာ Violence ထက်

အောင်မြင်မှုပိုရရှိတယ် ဆိုတဲ့ အထောက်အထားတွေ သိနေခဲ့တာကြာပြီ။ဒါပေမယ့် မြန်မာပြည်ဟာ လက်နက်နဲ့ မတော်လှန်ပဲ အောင်မြင်ဖို့ ဖြစ်နိုင်ချေ မရှိတဲ့ ဖြစ်စဥ်အနည်းအကျဥ်းထဲက တခုဖြစ်တယ် ဆိုတာ လက်ခံထားတယ်။

သုတေသနစာတမ်းတွေရဲ့ တွက်ချက်မှုအရ လက်နက်ကိုင်လမ်းစဥ် နဲ့ အောင်မြင်တဲ့ ဖြစ်စဥ် ရာခိုင်နှုံန်းအားဖြင့် အရမ်းနည်းပေမယ့် အောင်မြင်မှုမရှိခဲ့တာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ အဲ့ဒီ ရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ နိုင်ကိန်းရှိတယ် ဆိုပြီး ကြိုသိလို့ တော်လှန်ခဲ့ကြတာ တခုမှ မပါဘူး။

ပြည်သူတယောက်ချင်းစီမှာရှိတဲ့ ခံယူချက်စိတ်ဓါတ်ကနေ စလာတာဖြစ်တယ်၊ “တော်လှန်ရမယ်၊ ဒီစနစ်ဟာ မကောင်းဘူး” ဆိုတဲ့ အသိကညာက စတော်လှန်ခဲ့ကြလို့ အောင်မြင်ကြတာဖြစ်တယ်။

နွေဦးတော်လှန်ရေးဟာ ပြည်သူအားလုံး မကောင်းမှု ဆိုတာ ဘာလဲ ဆိုတာ သိနေပြီဖြစ်တယ်။ စစ်ဝါဒမှိုင်းကို မယုံတာချင်းလဲ တူနေပြီ။

ဖက်ဒရယ်ဒီမီုကရေစီ လိုအပ်တယ် ဆိုတာလဲ လက်ခံပြီးပြီ၊ ဒီတော့ ကျနော်တို့ တမျိုးသားလုံးရဲ့ ဘုံအကျိုးစီးပွါးအတွက် တော်လှန်ရတော့မယ် ဆိုတာ လက်ခံပြီးသား ဖြစ်တယ်။ ဆိုတော့ အောင်မြင်မယ်ဆိုတာ ကြိုသိနေတယ်။

ဘာဖြစ်လို့နောက်တွန့်နေမှာလဲ?ဒီမှာ GenZ အပါအဝင် Generation စုံ အမျိုးသမီးတွေ၊ ကလေးအမေတွေ၊ အိမ်ထောင်ရှင်​တွေ၊ ပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ၊ ကိုယ်ပိုင်အကျိုးစီးပွါးအားလုံး ထားခဲ့ပြီး တော်လှန်ဖို့ ပြင်ဆင်ပြီးနေပြီ။

အားလုံး လက်တွဲကြပါ။

Crd-Original Post