ရွှေရူပါဦးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး ထပ်မံသေဆုံး

လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံနေတဲ့ ရွှေရူပါဦးနဲ့ ဓာတ်ပုံတွဲရိုက်ရင် သေတယ်ဆိုတဲ့ သတင်းတွေကို ပရိတ်သတ်ကြီးတို့ မြင်ကြမှာပါနော်

အဲ့လိုပြောရလောက်အောင်လည်း ရွှေရူပါဦးနဲ့ ဓာတ်ပုံတွဲရိုက်တဲ့ စစ်သားအများစုဟာ မြေပြင်မှာ တကယ် သေ နေကြတာပါ

ဒီအကြောင်းတွေကိုလည်း သူမကိုယ်တိုင် သူမရဲ့ facebook စာမျက်နှာမှာ တင်ပြထားခဲ့လို့လည်း သိကြ ပြန့်နှံသွားတာပါ

သူမနဲ့ စစ်သာတချို့ တွဲရိုက်ထားတဲ့ ပုံလေးတွေ ကို အမြဲလိုလို သူမရဲ့ facebook စာမျက် နှာမှာတင်လေ့ရှိပါတယ်

သူမရဲ့ အဖေ ဟာ တပ်မတော် အငြိမ်းစား တစ်ယောက်ဖြစ်လို့ စစ်သားတွေ ကိုချစ်တာ အပြစ်လားဆိုပြီးပြောထားပါသေးတယ်

ယခုအခါမှာလည်း ကချင်ပြည်နယ် ရွှေကူမြို့မှာ သေဆုံးသွားပြန်တဲ့ သူမနဲ့ ဓာတ်ပုံတွဲ ရိုက်ထားတဲ့ပုံ နဲ့အတူ အောက်အတိုင်း ရေးတင်ထားတာကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရပါသေးတယ်။

တကက သန်းအောင် တသ မျိုးဇော် တသ ထွန်းဦး အကိုတို့ကိုShwe ဂရုစိုက်ပါအတန်တန်မှာခဲ့ပါတယ်

ကချင်ပြည်နယ် ရွှေကူမြို့ ရိက္ခာသင်္ဘောအားအကြမ်း ဖက်KIA KIO အဖွဲ့နှင့် ပူးပေါင်း PDF များမှ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်မှုအား ခုခံကာကွယ်ရင်း ကျဆုံးခဲ့ရတဲ့တပ်သား အကြပ် အရာရှိ စစ်သည်များအားShwe လက်တင် အလေးပြုအပ်ပါတယ် ဆိုပြီးပဲ ဖြစ်ပါတယ်

Crd-Original Post