တန်ဖိုးအရှိဆုံးဓာတ်ပုံတစ်ပုံဖြင့် မြန်မာဓာတ်ပုံသတင်းထောက် ပြင်သစ်ဓာတ်ပုံပွဲတော်ဆု ဆွတ်ခူး

တန်ဖိုးအရှိဆုံးဓာတ်ပုံတစ်ပုံဖြင့် မြန်မာဓာတ်ပုံသတင်းထောက် ပြင်သစ်ဓာတ်ပုံပွဲတော်ဆု ဆွတ်ခူး

မြန်မာဓာတ်ပုံသတင်းထောက် ပြင်သစ်ဓာတ်ပုံပွဲတော်ဆု ဆွတ်ခူးပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ “Visa Pour L’Image” ဓာတ်ပုံပွဲတော်မှာ လုံခြုံရေးအရ အမည်မဖော်နိုင်တဲ့

မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးက ထိပ်တန်းဆု ဆွတ်ခူးသွားပါတယ်။

ဒီမိုကရေစီရေးဆန္ဒပြပွဲတွေနဲ့ စစ်ကောင်စီက သွေးထွက်သံယိုဖြိုခွင်းနေတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးနိုင်တဲ့အတွက်အမြင့်ဆုံးသတင်းဓာတ်ပုံဆု စနေနေ့က ဆွတ်ခူးရရှိသွားတာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းကတည်းက သူဟာ လမ်းတွေပေါ်မှာ နေ့တိုင်းရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဓာတ်ပုံဆရာက အမှာစကားပါးပါတယ်။

အခက်အခဲတွေ များစွာကြုံရပြီး ကျည်ဆံတွေကြား၊ မျက်ရည်ယိုဗုံးတွေကြား၊ နားပင်းရတဲ့ လက်ပစ်ဗုံးတွေကြား ဓာတ်ပုံရိုက်တာပါလို့ ပြောပါတယ်။

ဓာတ်ပုံဆရာတွေကို စစ်သားတွေက ပစ်မှတ်ထားတာမို့ PRESS သတင်းဌာနလို့ ရေးထားတဲ့ သံခမောက်မဆောင်းတော့ဘဲ ဓာတ်ပုံ ရိုက်ရတယ်လို့လည်း ပြောပါတယ်။

သူ့ကိုယ်စား New York Times သတင်းစာက အာရှရေးရာဓာတ်ပုံအယ်ဒီတာ Mikko Takkunen က ဆုလက်ခံရယူပါတယ်။

Crd-Original Post