တပ်မတော်မှ နိုင်ငံတော်အာဏာအား ရယူသည့် ၇ လအတွင်း ပြည်ခိုင်ဖြိုးပါတီဝင် ၂၆၀ ကျော် လု.ပ်ကြံသ.တ်ဖြ တ်ခံခဲ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မဲမသမာမှု ကိစ္စတွင် အစိုးရဖွဲ့ခွင့်ဆုံးရှုံးပြီးနောက် ယင်းပါတီအနေဖြင့် ဥပဒေ နှင့်အညီ ထမ်းဆောင်နေသော အစိုးရအဖွဲ့အား ဆန့်ကျင်လျက်ရှိကြောင်း ထုတ်ပြန်ချက်ပါဝင်သည်။

အစိုးရအားဆန့်ကျင်ရာတွင်လည်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း နှင့် ၎င်းတို့ဖွဲ့စည်းထားသော CRPH အဖွဲ့အစည်းများ နှင့် အမျိုးသားညွှန့်ပေါင်းအစိုးရ (NUG) အဖြစ် အမည်ခံကာ P.D.F အဖွဲ့များကို ဖွဲ့စည်း၍ အုပ်ချုပ်ချုပ်ရေးယန္တရားများကို နှောက်ယှက်ခြင်း

ပြိုင်ဘက်ပါတီများ၊ တပ်မတော် ထောက်ခံသူများ၊ အုပ်ချုပ်ရေးဝန်ထမ်းအသီးသီးနှင့် နိုင်ငံဝန်ထမ်းများနှင့် ရဟန်းသံဃာများကို ခြိ မ်းခြောက်ခြင်း၊ သ.တ်ဖြ တ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

အကြ.မ်းဖ.က်သ တ်ဖြ တ်မှုကြောင့် အသ.က်ဆုံးရှုံးခဲ့ရသည့်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မိသားစုဝင်များ၊ အားပေးထောက်ခံသူများ

စုစုပေါင်း ၇ လအတွင်း ၂၅၃ ဦးအထိ ရှိခဲ့ပြီး အခြားသော နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံဝန် ထမ်းများ၊ ပြည်သူအများအပြားလည်း သ.တ်ဖြ.တ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် ၁၉ ရောဂါကာလအတွင်း NLD ပါတီ နှင့် CRPH တို့မှ ဖန်တီးသည့် လမ်းပေါ်ရှိ လူစုလူဝေးများက ကိုဗစ်ဖြစ်ပွားမှုကိုအားပေးခဲ့ပြီး ယင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း အကြမ်းဖက်တို က်ခို.က်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ၎င်းတို့အနေဖြင့် NUG၊ CRPH၊ PDF စသည့် အဖွဲ့အစည်းများ၏

လုပ်ရပ်များကို လက်မခံကြောင်း ကမ်ပိန်းတစ်ခုအား ပြုလုပ်ခဲ့သော်လည်း ယင်းဝက်ဘ်ဆိုဒ်အား ဖျ.က်ချခြင်းကို ခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ လု.ပ်ကြံသ တ်ဖြ.တ်ခံရခြင်း မှတ်တမ်းဓာတ်ပုံများ

သက်သေအထောက်အထားများကို ပြည်တွင်းပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းအသီး သီးအား တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Crd-Original Post

(ZAWGYI)











Crd-Original Post