နိုင်ငံတကာဆု ရရှိခဲ့သည့် နွေဦးတော်လှန်ရေးကို အမိအရ ရိုက်ကူးနိုင်ခဲ့သော မြန်မာဓာတ်ပုံသတင်းသမား

နိုင်ငံတကာဆု ရရှိခဲ့သည့် နွေဦးတော်လှန်ရေးကို အမိအရ ရိုက်ကူးနိုင်ခဲ့သော မြန်မာဓာတ်ပုံသတင်းသမား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တဲ့ မြန်မာ ဓာတ်ပုံသတင်းထောက်တဦး ပြင်သစ်နိုင်ငံ အနောက် တောင်ပိုင်း Perpignan မှာကျင်းပတဲ့ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

“Visa Pour L’Image” ဓာတ်ပုံဆိုင်ရာ အကြီးဆုံးပွဲတော်မှာ ထိပ်တန်းဆုကို ရရှိသွားပါတယ်။ လုံခြုံရေးအရ အမည်မဖော်ပြထားတဲ့ အဲဒီ မြန်မာသတင်းထောက်ဟာ Visa d’Or for News လို့ခေါ်တဲ့ အဓိကဓာတ်ပုံဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိတဲ့ မြန်မာသတင်းထောက်ကိုယ်စားThe New York Times သတင်းစာကြီးရဲ့ အာရှတိုက်ဆိုင်ရာ ဓာတ်ပုံအယ်ဒီတာ Mikko Takkunen က အဲဒီဆုကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

အခုဆုရရှိတဲ့ ဓာတ်ပုံဆရာဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဓာတ်ပုံသတင်းထောက်တွေထဲမှာ အတော်ဆုံးတယောက်အဖြစ် ပါဝင်ကြောင်း

အခုလို ဆုရရှိတဲ့အတွက် ဓာတ်ပုံဆရာက အင်မတန် ဝမ်းသာကြောင်း မြန်မာဓာတ်ပုံသတင်းထောက်ကိုယ်စား Takkunen က ပြောကြားခဲ့ပါတယ်။ ဆုရရှိတဲ့ ဓာတ်ပုံဆရာ ရိုက်ကူးထားတဲ့ ပုံတွေထဲမှာ ခဲတွေကိုင်ဆောင်ထားတဲ့ စစ်အာဏာသိ.မ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေ၊စစ်သားတွေက ကျ ည်ဆန်အစစ်နဲ့ ဆန္ဒပြသူတွေကို ပစ်နေတဲ့ပုံတွေနဲ့ ဆန္ဒပြပွဲတွေအတွင်း ေ.သဆုံးသွားသူတွေအတွက် မိသားစုဝင်တွေက ပူဆွေးသောက ရောက်နေတဲ့ပုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စစ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြ.မ်းဖက် ပ.စ်ခ တ်သ.တ်ဖြ တ်မှုတွေကြောင့် လူပေါင်း ၁,၀၄၆ ဦး

သေဆုံးခဲ့ရပြီးဖြစ်သလို သတင်းထောက်တွေ အပါအဝင် လူပေါင်း ၆,၂၃၀ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Crd-Original Post

(ZAWGYI)

ႏိုင္ငံတကာဆု ရ႐ွိခဲ့သည့္ ေႏြဦးေတာ္လွန္ေရးကို အမိအရ ရိုက္ကူးနိုင္ခဲ့ေသာ ျမန္မာဓာတ္ပုံသတင္းသမား

ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဒီမိုကေရစီအေရး ဆႏၵျပပြဲေတြကို သတင္းယူခဲ့တဲ့ ျမန္မာ ဓာတ္ပုံသတင္းေထာက္တဦး ျပင္သစ္နိုင္ငံ အေနာက္ ေတာင္ပိုင္း Perpignan မွာက်င္းပတဲ့ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

“Visa Pour L’Image” ဓာတ္ပုံဆိုင္ရာ အႀကီးဆုံးပြဲေတာ္မွာ ထိပ္တန္းဆုကို ရရွိသြားပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္ျပထားတဲ့ အဲဒီ ျမန္မာသတင္းေထာက္ဟာ Visa d’Or for News လို႔ေခၚတဲ့ အဓိကဓာတ္ပုံဆုကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဆုရရွိတဲ့ ျမန္မာသတင္းေထာက္ကိုယ္စား

The New York Times သတင္းစာႀကီးရဲ႕ အာရွတိုက္ဆိုင္ရာ ဓာတ္ပုံအယ္ဒီတာ Mikko Takkunen က အဲဒီဆုကို လက္ခံရယူခဲ့တယ္လို႔ ဆိုပါတယ္။ အခုဆုရရွိတဲ့ ဓာတ္ပုံဆရာဟာ ျမန္မာနိုင္ငံအတြင္းမွာရွိတဲ့ ဓာတ္ပုံသတင္းေထာက္ေတြထဲမွာ အေတာ္ဆုံးတေယာက္အျဖစ္ ပါဝင္ေၾကာင္း

အခုလို ဆုရရွိတဲ့အတြက္ ဓာတ္ပုံဆရာက အင္မတန္ ဝမ္းသာေၾကာင္း ျမန္မာဓာတ္ပုံသတင္းေထာက္ကိုယ္စား Takkunen က ေျပာၾကားခဲ့ပါတယ္။ ဆုရရွိတဲ့ ဓာတ္ပုံဆရာ ရိုက္ကူးထားတဲ့ ပုံေတြထဲမွာ ခဲေတြကိုင္ေဆာင္ထားတဲ့ စစ္အာဏာသိ.မ္းမႈ ဆန႔္က်င္ေရး ဆႏၵျပသူေတြ၊

စစ္သားေတြက က် ည္ဆန္အစစ္နဲ႕ ဆႏၵျပသူေတြကို ပစ္ေနတဲ့ပုံေတြနဲ႕ ဆႏၵျပပြဲေတြအတြင္း ေ.သဆုံးသြားသူေတြအတြက္ မိသားစုဝင္ေတြက ပူေဆြးေသာက ေရာက္ေနတဲ့ပုံေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

AAPP-B နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက

စက္တင္ဘာ ၄ ရက္ေန႕ ရက္စြဲနဲ႕ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ စစ္တမ္းမွာေတာ့ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕ အၾက.မ္းဖက္ ပ.စ္ခ တ္သ.တ္ျဖ တ္မႈေတြေၾကာင့္ လူေပါင္း ၁,၀၄၆ ဦး

ေသဆုံးခဲ့ရၿပီးျဖစ္သလို သတင္းေထာက္ေတြ အပါအဝင္ လူေပါင္း ၆,၂၃၀ ဦး ဖမ္းဆီး ထိန္းသိမ္းခံထားရဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

Crd-Original Post