မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဇွန်လ ၄ ရက်နေ့က သရုပ်ဆောင် ခန့်စည်သူအား အစည်းအရုံး ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပြီးနောက်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ စတီးလ်တို့ အပါအဝင်အနုပညာရှင်အချို့ ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ခဲ့ကြပါတယ်။“အကြောင်းအရာ တချို့ကြောင့် အစည်းအရုံးဝင်အဖြစ်မှ ထွက်သည်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပြီး၊ မင်းမော်ကွန်းကလည်း “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အဖြစ်မှ နုတ်ထွက်ပါသည်”လို့ ပြောထားပါတယ်။

အဲဒီနောက် ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)၊ သရုပ်ဆောင် ဇော်ဦး၊ ချမ်းမေမြတ်နိုး၊ မေမြတ်နိုး၊ နှိုင်းယှဉ်မြင့်မိုရ်၊ဟာသ သရုပ်ဆောင် ဆင်မ၊ ကိုဘင်းတို့က နုတ်ထွက်ကြောင်း အသီးသီး တင်ထားကြပါတယ်။မော်ဒယ် မေမြတ်နိုးက “ပြည်သူတွေနဲ့ တသားတည်း မရှိသော ဥက္ကဋ္ဌရဲ့ အစည်းအရုံးမှာ မပါဝင်လိုပါ”လို့ပြောထားပါတယ်။ဒါရိုက်တာ သည်ခေတ်နေကလည်း စစ်အာဏာသိမ်းမှု စတင်ကတည်းက မယုံကြည်တော့တဲ့ အစည်းအရုံးဝင်အဖြစ်ကနေ နုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အဖြစ်မှ ကျမတို့ သားအဖ သုံးယောက်လုံး နုတ်ထွက်ပါသည်”လို့သရုပ်ဆောင် သဇင်ထူးမြင့်၊ နေရဲနဲ့ ခင်လှိုင်တို့ သားအဖက ရေးသားတင်ထားပါတယ်။မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်အချို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅–က ဖြင့် လိုက်လံဖမ်းဆီးမှုများ ရှိနေပြီး၊ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော် ရှိနေပါတယ်။

Zawgyi Version

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ ဇြန္လ ၄ ရက္ေန႔က သ႐ုပ္ေဆာင္ ခန႔္စည္သူအား အစည္းအ႐ုံး ဥကၠ႒အျဖစ္ခန႔္အပ္ခဲ့ၿပီးေနာက္၊ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း၊ ဒါ႐ိုက္တာ ကိုေပါက္၊ ဒါ႐ိုက္တာ စတီးလ္တို႔ အပါအဝင္အႏုပညာရွင္အခ်ိဳ႕ ႐ုပ္ရွင္အစည္းအ႐ုံးကေန ႏုတ္ထြက္ခဲ့ၾကပါတယ္။“အေၾကာင္းအရာ တခ်ိဳ႕ေၾကာင့္ အစည္းအ႐ုံးဝင္အျဖစ္မွ ထြက္သည္”လို႔ ဒါ႐ိုက္တာ ကိုေပါက္က ဆိုၿပီး၊ မင္းေမာ္ကြန္းကလည္း “ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဝင္ အျဖစ္မွ ႏုတ္ထြက္ပါသည္”လို႔ ေျပာထားပါတယ္။

အဲဒီေနာက္ ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ)၊ သ႐ုပ္ေဆာင္ ေဇာ္ဦး၊ ခ်မ္းေမျမတ္ႏိုး၊ ေမျမတ္ႏိုး၊ ႏႈိင္းယွဥ္ျမင့္မိုရ္၊ဟာသ သ႐ုပ္ေဆာင္ ဆင္မ၊ ကိုဘင္းတို႔က ႏုတ္ထြက္ေၾကာင္း အသီးသီး တင္ထားၾကပါတယ္။ေမာ္ဒယ္ ေမျမတ္ႏိုးက “ျပည္သူေတြနဲ႔ တသားတည္း မရွိေသာ ဥကၠ႒ရဲ႕ အစည္းအ႐ုံးမွာ မပါဝင္လိုပါ”လို႔ေျပာထားပါတယ္။ဒါ႐ိုက္တာ သည္ေခတ္ေနကလည္း စစ္အာဏာသိမ္းမႈ စတင္ကတည္းက မယုံၾကည္ေတာ့တဲ့ အစည္းအ႐ုံးဝင္အျဖစ္ကေန ႏုတ္ထြက္ထားတယ္လို႔ ဆိုပါတယ္။

“ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးဝင္ အျဖစ္မွ က်မတို႔ သားအဖ သုံးေယာက္လုံး ႏုတ္ထြက္ပါသည္”လို႔သ႐ုပ္ေဆာင္ သဇင္ထူးျမင့္၊ ေနရဲနဲ႔ ခင္လႈိင္တို႔ သားအဖက ေရးသားတင္ထားပါတယ္။ျမန္မာႏိုင္ငံမွ စစ္အာဏာရွင္ကို ဆန္႔က်င္တဲ့ အႏုပညာရွင္အခ်ိဳ႕အား စစ္ေကာင္စီမွ ပုဒ္မ ၅၀၅–က ျဖင့္ လိုက္လံဖမ္းဆီးမႈမ်ား ရွိေနၿပီး၊ ဖမ္းဝရမ္း အထုတ္ခံထားရတဲ့ အႏုပညာရွင္ေပါင္း ၁၀၀ ေက်ာ္ ရွိေနပါတယ္။