တာဝန်ထမ်းဆောင်ရင်းမသေခဲ့တဲ့ စစ်ကောင်စီအရာရှိများကို နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ဒေါ်သက်သက်ခိုင် ပြော

တာဝန်ထမ်းဆောင်ရင်းမသေခဲ့တဲ့ စစ်ကောင်စီအရာရှိများကို နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ဒေါ်သက်သက်ခိုင် ပြော

တာဝန်ထမ်းဆောင်ရင်းမသေခဲ့တဲ့ စစ်ကောင်စီအရာရှိများကို နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟုဆို

HTY Information ( စက်တင်ဘာလ ၅ ရက် )

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် လူကယ်ပြန်ဝန်ကြီးဖြစ်လာသော ဒေါ်သက်သက်ခိုင်သည် နေပြည်တော်တွင်ကျင်းပပြုလုပ်သော အစည်းအဝေးတစ်ခု၌ ” တာဝန်ထမ်းဆောင်ရင်း ကံကောင်းလို့မသေခဲ့သည့် ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟုပြောကြားခဲ့သည်။

အဆိုပါတာဝန်ထမ်းဆောင်ခွင့်အား ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်ကုသရမည့်အခြေအနေ၊ ပညာအရေးအချင်းနှင့် ဇနီး၏အလုပ်အကိုင်အခြေအနေများကို စီစစ်ပြီး သင့်လျော်မှုရှိမှသာ နယ်ဘက်ဝန်ကြီးဌာနများ၏ လစ်လပ်မှုအခြေအနေပေါ်မူတည်၍ နေရာပေးသွားဟုဆိုသည်။


စစ်ကောင်စီအဖွဲ့သည် အာဏာသိမ်းပြီးချိန်မှစ၍ ဝန်ကြီးဌာနနေရာများတွင် ၎င်းတို့တပ်ဖွဲ့ဝင်များအားအစားထိုးခဲ့ပြီး ယနေ့ထိတိုင် ပြည်သူတွက်ဟုခေါင်းစဉ်တပ်၍ အာဏာတည်မြဲရေးကိုသာ အလေးပေးဆောင်ရွက်လျက်ရှိပါသည်။

#HTY_Information

(ZAWGYI)








#HTY_Information