ရဲဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် PDF အဖွဲ့ထဲဝင်လိုက်တဲ့ လူငယ်လေးတစ်ဦးပြည်သူလူထုကတော့ လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့အတွက် ရရာနည်းလမ်းနဲ့ အစွမ်းကုန်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်း စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်အပြည့်ရှိပြီး ကြိုးစားပေးနေကြတာဖြစ်လို့ ဒုက္ခအခက်အခဲတွေနဲ့ ကြုံလာရင်တောင် အားတင်းထားကြတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးဖို့အတွက် အစိုးရဝန်ထမ်းအချို့ကလည်း အလုပ်ရပ်နားလိုက်ကြပြီး အနာဂတ်အတွက်တောင်ပေးဆပ်ရဲတာဖြစ်ပါတယ်။

တချို့ရဲဝန်ထမ်းတွေဆိုရင်လည်း အလုပ်ရပ်နားလိုက်ပြီး ပြည်သူတွေဘက်ကနေ အားအင်ဖြည့်ပေးလိုက်တာဖြစ်ပါတယ်။အခုဆိုရင်လည်း ရဲဝန်ထမ်းလူငယ်လေးတစ်ယောက်က ယူနီဖောင်းပြောင်းလိုက်တဲ့အကြောင်းလေးကိုမျှဝေပေးချင်ပါတယ်။အဲ့ဒီလူငယ်လေးကတော့ ရဲဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် PDF အဖွဲ့ထဲဝင်လိုက်တာဖြစ်ပါတယ်။တောတောင်ထဲမှာ ခက်ခဲကြမ်းတမ်းစွာနေထိုင်ရပေမယ့်လည်း PDF အဖွဲ့ဝင်တွေကတော့ အားမလျော့ကြဘဲ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေဘက်ကနေရှိပေးကြတဲ့ ရဲဝန်ထမ်းတချို့ကို ပြည်သူတွေကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။ဒီကာလမှာ ပြည်သူတွေကို ပြည်သူကသာလျှင် ပြန်ကူညီကြပြီး အချင်းချင်းဖေးမပေးနေကြတာဖြစ်ပါတယ်။လူတိုင်းက တာဝန်ကိုယ်စီကို ကျေပွန်အောင်ဆောင်ရွက်ကြပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ရဲဝန်ထမ်းရဲ့ယူနီဖောင်းကိုချွတ်ပြီး တောထဲမှာလေ့ကျင့်ရေးဆင်းနေတဲ့ လူငယ်လေးတစ်ဦးရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi Version

ရဲဝန္ထမ္းဘဝကိုစြန႔္လႊတ္ၿပီး ျပည္သူေတြကိုကာကြယ္ေပးဖို႔အတြက္ PDF အဖြဲ႕ထဲဝင္လိုက္တဲ့ လူငယ္ေလးတစ္ဦးျပည္သူလူထုကေတာ့ လက္ရွိအေျခအေနကေန လြတ္ေျမာက္ဖို႔အတြက္ ရရာနည္းလမ္းနဲ႔ အစြမ္းကုန္ရင္ဆိုင္ေနၾကတာျဖစ္ပါတယ္။လူငယ္ေတြကလည္း စြန႔္လႊတ္အနစ္နာခံရဲတဲ့စိတ္အျပည့္ရွိၿပီး ႀကိဳးစားေပးေနၾကတာျဖစ္လို႔ ဒုကၡအခက္အခဲေတြနဲ႔ ႀကဳံလာရင္ေတာင္ အားတင္းထားၾကတာျဖစ္ပါတယ္။ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေပးဖို႔အတြက္ အစိုးရဝန္ထမ္းအခ်ိဳ႕ကလည္း အလုပ္ရပ္နားလိုက္ၾကၿပီး အနာဂတ္အတြက္ေတာင္ေပးဆပ္ရဲတာျဖစ္ပါတယ္။

တခ်ိဳ႕ရဲဝန္ထမ္းေတြဆိုရင္လည္း အလုပ္ရပ္နားလိုက္ၿပီး ျပည္သူေတြဘက္ကေန အားအင္ျဖည့္ေပးလိုက္တာျဖစ္ပါတယ္။အခုဆိုရင္လည္း ရဲဝန္ထမ္းလူငယ္ေလးတစ္ေယာက္က ယူနီေဖာင္းေျပာင္းလိုက္တဲ့အေၾကာင္းေလးကိုမွ်ေဝေပးခ်င္ပါတယ္။အဲ့ဒီလူငယ္ေလးကေတာ့ ရဲဝန္ထမ္းဘဝကိုစြန႔္လႊတ္ၿပီး ျပည္သူေတြကို ကာကြယ္ေပးဖို႔အတြက္ PDF အဖြဲ႕ထဲဝင္လိုက္တာျဖစ္ပါတယ္။ေတာေတာင္ထဲမွာ ခက္ခဲၾကမ္းတမ္းစြာေနထိုင္ရေပမယ့္လည္း PDF အဖြဲ႕ဝင္ေတြကေတာ့ အားမေလ်ာ့ၾကဘဲ ရည္မွန္းခ်က္ပန္းတိုင္ကို ေလွ်ာက္လွမ္းေနၾကတာျဖစ္ပါတယ္။

အခုလိုမ်ိဳး ျပည္သူေတြဘက္ကေနရွိေပးၾကတဲ့ ရဲဝန္ထမ္းတခ်ိဳ႕ကို ျပည္သူေတြကလည္း အရမ္းေလးစားေနၾကတာျဖစ္ပါတယ္။ဒီကာလမွာ ျပည္သူေတြကို ျပည္သူကသာလွ်င္ ျပန္ကူညီၾကၿပီး အခ်င္းခ်င္းေဖးမေပးေနၾကတာျဖစ္ပါတယ္။လူတိုင္းက တာဝန္ကိုယ္စီကို ေက်ပြန္ေအာင္ေဆာင္႐ြက္ၾကၿပီး တစ္ေထာင့္တစ္ေနရာကေနပါဝင္ၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ရဲဝန္ထမ္းရဲ႕ယူနီေဖာင္းကိုခြၽတ္ၿပီး ေတာထဲမွာေလ့က်င့္ေရးဆင္းေနတဲ့ လူငယ္ေလးတစ္ဦးရဲ႕ပုံရိပ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။