ရွာကျောင်းမှာပဲ ရိုးရှင်းစွာ ကောင်မှုအလှူလေးတစ်ခု ပြုလုပ်ရင်း (၇) ရက်သားသမီးများ အတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ရွာကျောင်းမှာပဲ ရိုးရှင်းစွာ ကောင်မှုအလှူလေးတစ်ခု ပြုလုပ်ရင်း (၇) ရက်သားသမီးများ အတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

အကယ်ဒမီမင်းသမီးထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦးခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်

မြန်မာနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်

သရုပ်ဆောင်ပိုင်းထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်

Live Sale တွေမှာလည်း အမြဲလိုလိုတွေ့မြင်နေရတဲ့ မထက်ကတော့ သူမရဲ့လှုပ်ရှားမှုတွေကို ဝေမျှတတ်သလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်

အခုလည်း ဝါခေါင်လကွယ် ဥပုသ်နေ့လေးမှာ ရိုးရှင်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်

ရွာက ဘုန်းကြီးကျောင်းမှာပဲ သီလယူရင်း ဆွမ်းကပ်ကာ (၇) ရက်သားသမီးများ အတွက်လည်း မေတ္တာပို့ ဆုတောင်းပေးခဲ့ကြောင်းကို ” ဒီနေ့ ဝါခေါင်လကွယ် ဥပုသ်နေ့ ဆိုတော့ ရွာကျောင်းမှာပဲ သီလယူ ဆွမ်းကပ် ရတာပေါ့

ရဥပုဒ်နေ့ ဥပုသ်နေ့ ဥပုဿ်နေ့ ” ဘယ်ဟာကစာလုံးပေါင်းအမှန်လဲ မသိပေမယ့် ၇ ရက်သားသမီးကုသိုလ် ရအောင် ထက်ဆုတောင်းပေးခဲ့တယ်

” ရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်

 

Photo – Htet Htet Moe Oo

(ZAWGYI)










 

Photo – Htet Htet Moe Oo