ချစ်တဲ့ပရိတ်သတ်တွေအနေနဲ့ သူ့ကိုတိုက်ရိုက်တွေ့ဆုံခွင့်ရရှိစေမယ့် အခွင့်အရေးတစ်ခုကို ပြောပြလာတဲ့ အောင်ရေချမ်း

ချစ်တဲ့ပရိတ်သတ်တွေအနေနဲ့ သူ့ကိုတိုက်ရိုက်တွေ့ဆုံခွင့်ရရှိစေမယ့် အခွင့်အရေးတစ်ခုကို ပြောပြလာတဲ့ အောင်ရေချမ်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းကတော့ MRTV_4 ဇာတ်လမ်းတွဲတွေကနေ လူသိများလာပြီးခုချိန်မှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်..

အောင်ရေချမ်းကတော့ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်တတ်ပြီး ပီပြင်တာကြောင့် အောင်ရေချမ်းကိုအားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲနော်.. အောင်ရေချမ်းဟာ လတ်တလောမှာတော့ ကိုဗစ်ဖြစ်နေတဲ့ လူနာရှင်တွေအတွက် လုပ်အား၊ငွေအားများဖြင့် ကူညီပေးနေပါတယ်နော်။

မြန်မာနိုင်ငံရဲ့အာဏာသိမ်းမှုမှာ‌တော့အောင်ရေချမ်းကအလှူတွေလိုက်လုပ်ပြီးတော့ ပြည်သူတွေဘက်ကနေရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ နိုင်ငံရေးကြောင့်ရော ကိုဗစ်ပိုးတွေကြောင့်ရော အလုပ်တွေအကုန်နားထားရတာ ဖြစ်ပါတယ်။

အလွှာအသီးသီးကလူတွေအားလုံးလည်း စီးပွားရေးကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်နော်..

အနုပညာရှင်တွေလည်း အနုပညာလှုပ်ရှားမှုတွေ နားထားရတာကြောင့် ဇာတ်ကားအသစ်တွေ ထွက်ရှိခြင်းမရှိသေးတာကြောင့် ဇာတ်လမ်းတွဲအဟောင်းများပဲ ပရိသတ်တွေ ကြည့်လို့ရနိုင်သေးတာ ဖြစ်ပါတယ်နော်။

ဒါ့ကြောင့် MRTV-4 မှာပြန်လွှင့်နေတဲ့ ပျားရည်အိုင်ဇာတ်လမ်းထဲမှာတော့ ကိုတင်ဖေကို ပရိသတ်တွေကအားမလိုအားမရ ဖြစ်နေပြီး အားပေးကြမ်းနေကြတာဖြစ်ပါတယ်နော်..

ဒီနေ့လေးမှာတော့ ကိုတင်ဖေက ” ဆီသည်လေးဖြစ်သွားပါပြီခဗျာ ဒီလအတွင်း မှယူပါက ကျွန်တော်ကိုယ်တိုင်အိမ်အရောက်လာပို့ပေးပါမယ် ဖုန်းဆက်ပြီးမှာလိုက်ရုံဘဲ ” ဆိုပြီး ရေးသားလာခဲ့ပါတယ်။

ပရိသတ်ကြီးနဲ့ တိုက်ရိုက်ထိတွေ့ဖို့ကြိုးစားရင်း ကိုယ်ပိုင်စီးပွားရေးလေးကို အစပြုနေတဲ့ ကိုတင်ဖေကို ပရိသတ်ကြီးလည်း အားပေးလိုက်ကြပါအုံးနော်..။

Source: Aung Yay Chan

(ZAWGYI)






Source: Aung Yay Chan

Crd-Original Post