အမေရိကားရဲ့ MasterChef ပြိုင်ပွဲကြီးမှာ မြန်မာ့အစားအစာတွေနဲ့ပါဝင်ယှဉ်ပြိုင်ရင်း Top(4)အထိရောက်ရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာအမျိုးသမီးလေး စု

အမေရိကားရဲ့ MasterChef ပြိုင်ပွဲကြီးမှာ မြန်မာ့အစားအစာတွေနဲ့ပါဝင်ယှဉ်ပြိုင်ရင်း Top(4)အထိရောက်ရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာအမျိုးသမီးလေး စု

အမေရိကားမှာကျင်းပပြုလုပ်တဲ့ MasterChef (season 11)ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ခဲ့ရင် လူသိများလာခဲ့တဲ့ မြန်မာအမျိုးသမီးလေး စုကိုတော့ လူမှုကွန်ယက်အသုံးပြုသူများအားလုံး သိရှိကြမယ်လို့ထင်ပါတယ်။

သူမဟာ ရန်ကုန်ဇာတိဖြစ်ပြီး အထက်တန်းပညာနှင့် တက္ကသိုလ်ပညာရပ်တွေကို မြန်မာနိုင်ငံမှာပဲ သင်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိ အမေရိကားမှာ မိသားစုနဲ့အတူ အခြေချနေထိုင်ရင်း နာမည်ကြီးMasterChefကို

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ အဆိုပါ MasterChef(season 11)ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလေး စုကတော့ အခြားဟင်းလျာတွေနဲ့ ယှဉ်ပြိုင်တာမဟုတ်ဘဲ မြန်မာ့အစားအစာတွေနဲ့သာ

ကမ္ဘာသိအောင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ သူမ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ဟင်းလျာတွေနဲ့ မုန့်တွေကို ဒိုင်တွေကလည်း သဘောကျခဲ့တာတွေ့ရပါတယ်။

ယခုမှာတော့ မြန်မာအမျိုးသမီးလေး စုရဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုကြောင့် MasterChef (season 11)ပြိုင်ပွဲကြီးမှာ Top(4)အထိ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ Top(4)အထိ ရောက်သွားခဲ့တဲ့ စုကို မြန်မာပြည်က ပရိသတ်တွေလည်း အားပေးချစ်ခင်ကြပြီး Winnerဆုကြီးရရှိအောင်လည်း

ဆုတောင်းပေးကြတာ တွေ့ရပါတယ်။

အမေရိကားရဲ့ MasterChef (season 11)ပြိုင်ပွဲကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက စတင်ခဲ့ပြီး ကိုဗစ်ရေ.ာဂါတွေကြောင့် ပွဲစဉ်များကို ရွှေ့ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလည်း အမေရိကားရဲ့ MasterChef (season 11)ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်နေတဲ့ မြန်မာအမျိုးသမီးလေးစုကို Winnerဆုကြီး ထိုက်ထိုက်တန်တန်ရရှိအောင် ဆုတောင်းပေးကြပါဦးနော်။

Crd-Original Post

(ZAWGYI)











Crd-Original Post