ဇွန်လ(၁)ရက်နေ့ မနက်ပိုင်းက ရန်ကုန် အင်းစိန်လမ်းမကြီး လှည်းတန်း OPPO ဆိုင်မှာ အလုပ်လုပ်နေတဲ့ လူငယ်ဝန်ထမ်းအချို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်OPPOရဲ့အမှတ်တံဆိပ်ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ဆိုင်ဝန်ထမ်းကို အင်္ကျီအမဲဝတ်လို့ဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးလက်ရှိမှာစစ်ကြောရေးထဲရော က်ရှိနေတယ်လို့ သိရပါတယ်ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေအတွက်အားလုံးကမချိ တင်ကဲစိတ်မကောင်းဖြစ်ကြရသလိုဝန်ထမ်းအချို့အဖ မ်းခံလိုက်ရတဲ့အထဲမှာမှ ဖခင်တစ်ဦးကအခုလိုအကူအ ညီတောင်းခံလာပါတယ်


မိဘကိုလုပ်ကျွေးနေတဲ့ ကျွန်တော့သားလှည်းတန်းမှာဖမ်းခံရတယ်ဗျာ အလုပ်လုပ်နေတဲ့ဆိုင်ထဲမှာအင်္ကျီအမဲမို့လို့တဲ့သူတို့ OPPO က အမဲလေအရမ်းဝမ်းနည်းမိတယ်အခုစစ်ကြောရေးမှာကယ်ကြပါအုံးဗျာဆိုပြီး စိတ်မကောင်းစွာအကူအညီတောင်းရေးသားထားတာ ဖြစ်ပါတယ်သားကြီးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ထမ်းတွေအတွက် Oppo မှ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်းကိုလည်း ဖခင်ဖြစ်သူက ထပ်မံပြောပြထားတာလည်း တွေ့ရပါတယ်

လူငယ်တွေအနေနဲ့ အခုလို ယူနီဖောင်းနဲ့တောင် ဆိုင်ထဲဝင်ပြီး အကြောင်းမဲ့သက်သက် အဖမ်းခံလိုက်ရတာကြောင့် ပြည်သူပရိသတ်တွေက တအံ့တဩဖြစ်ကြကာ စိတ်မကောင်းဖြစ်ရသလို အမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်

Zawgyi Version



