ဆွီဒင်နိုင်ငံတွင် NUG အစိုးရ၏ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် အသိအမှတ်ပြုရေး ဆန္ဒထုတ်ဖော်

ဆွီဒင်နိုင်ငံတွင် NUG အစိုးရ၏ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် အသိအမှတ်ပြုရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ စက်တင်ဘာ ၅

ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့ရှိ လွှတ်တော်ရှေ့၌ ဆွီဒင်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာအင်အားစုများက NUG အစိုးရ၏ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် အသိအမှတ်ပြုရေး ဆန္ဒထုတ်ဖော်ကြသည်။

စက်တင်ဘာလ (၁၄)ရက်နေ့တွင် ဆုံးဖြတ်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာ တိုက်ပွဲ UN Credential challenge အဆုံးအဖြတ်ပွဲမတိုင်မီ ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူပြည်သားများ ဘက်မှ ရပ်တည်ပေးခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ လက်ခံပေးရေး နှင့်

စစ်ကောင်စီကို ငြင်းပယ်ဖို့အတွက် ဥရောပ နှင့် နိုင်ငံတကာ အစိုးရများကို တိုက်တွန်းအသိပေးနှိုးဆော်ရန် NUG & CRPH Supporter Group မှစုစည်း၍ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် United Nation – Stand with us ၊ Stand with us၊ UN Stand with – U KYAW MOE TUN၊ UN Accept NUG – REJECT MILITARY ၊UN- NUG ကိုလက်ခံရေး၊ စစ်ကောင်စီကို ငြင်းပယ်ပေး၊ အရေးတော်ပုံအောင်ရမည် အောင်ရမည် အောင်ရမည် အစရှိသည့် ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ သွေးသစ္စာ သီချင်း ၊ ကမ္ဘာမကြေဘူးသီချင်း ၊ အလိုမရှိ သီချင်းများကို သံပြိုင်သီဆို ဆန္ဒပြကြကြောင်း သိရှိရသည်။

Khit Thit

(ZAWGYI)

ဆြီဒင္ႏိုင္ငံတြင္ NUG အစိုးရ၏ ကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံေၾကာင္းႏွင့္ အသိအမွတ္ျပဳေရး ဆႏၵထုတ္ေဖာ္

ရန္ကုန္၊ စက္တင္ဘာ ၅

ဆြီဒင္ႏိုင္ငံ စေတာ့ဟုန္းၿမိဳ႕ရွိ လႊတ္ေတာ္ေရွ႕၌ ဆြီဒင္ႏိုင္ငံတြင္ ေရာက္ရွိေနေသာ ျမန္မာအင္အားစုမ်ားက NUG အစိုးရ၏ ကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံေၾကာင္းႏွင့္ အသိအမွတ္ျပဳေရး ဆႏၵထုတ္ေဖာ္ၾကသည္။

စက္တင္ဘာလ (၁၄)ရက္ေန႔တြင္ ဆုံးျဖတ္မည့္ တစ္ကမာၻလုံးဆိုင္ရာ သံတမန္ေရးရာ တိုက္ပြဲ UN Credential challenge အဆုံးအျဖတ္ပြဲမတိုင္မီ ဒီမိုကေရစီလိုလားသည့္ ျမန္မာျပည္သူျပည္သားမ်ား ဘက္မွ ရပ္တည္ေပးခဲ့ေသာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုသာ လက္ခံေပးေရး ႏွင့္ စစ္ေကာင္စီကို ျငင္းပယ္ဖို႔အတြက္ ဥေရာပ ႏွင့္ ႏိုင္ငံတကာ အစိုးရမ်ားကို တိုက္တြန္းအသိေပးႏႈိးေဆာ္ရန္ NUG & CRPH Supporter Group မွစုစည္း၍ ဆႏၵျပျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ဆႏၵျပပြဲတြင္ United Nation – Stand with us ၊ Stand with us၊ UN Stand with – U KYAW MOE TUN၊ UN Accept NUG – REJECT MILITARY ၊UN- NUG ကိုလက္ခံေရး၊ စစ္ေကာင္စီကို ျငင္းပယ္ေပး၊ အေရးေတာ္ပုံေအာင္ရမည္ ေအာင္ရမည္ ေအာင္ရမည္ အစရွိသည့္ ေႂကြးေၾကာ္သံမ်ား ဟစ္ေႂကြးျခင္း၊ ေသြးသစၥာ သီခ်င္း ၊ ကမာၻမေၾကဘူးသီခ်င္း ၊ အလိုမရွိ သီခ်င္းမ်ားကို သံၿပိဳင္သီဆို ဆႏၵျပၾကေၾကာင္း သိရွိရသည္။

Khit Thit