သူငယ်ချင်းနဲ့အတူ အမေနှစ်ယောက်အတွက်ရည်စူးပြီး စားသောက်ကုန်တွေလှူဒါန်းလိုက်တဲ့ သီရတီ

သူငယ်ချင်းနဲ့အတူ အမေနှစ်ယောက်အတွက်ရည်စူးပြီး စားသောက်ကုန်တွေလှူဒါန်းလိုက်တဲ့ သီရတီ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော သီရတီကတော့ မနေ့က စက်တင်ဘာလ (၃)ရက်နေ့က စားသောက်ကုန်တွေလှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်

အလှူလေးကတော့ သူနဲ့ သူရဲ့ သူငယ်ချင်းတို့ (၂)ယောက်အတူတူ စုပေါင်းပြီး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်

ပြီးခဲ့တဲ့ လပိုင်းလောက်က သီရတီရဲ့ မိခင်ကြီး ဆုံးပါးသွားခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်

သူရဲ့ မိခင်ကြီး ဆုံးပါးသွားတဲ့ နေ့မှာပဲ အခုအတူ အလှူပြုလုပ်တဲ့ သူငယ်ချင်းရဲ့ မိခင်ကြီးကလည်း ဆုံးပါးသွားတာဖြစ်ပြီး

မနေ့က အလှူလေးကတော့ မိခင်(၂)ယောက်အတွက် ရည်စူးပြီး သီရတီနဲ့ သူ့ရဲ့သူငယ်ချင်းက (၂)ယောက်တူတူ ကုသိုလ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်

သီရတီတို့သူငယ်ချင်း(၂)ယောက်ရဲ့ မိခင်တွေကတော့ သမီးတွေရဲ့ သိတတ်လိမ္မာမှုကြောင့် ကောင်းရာဘုံဘဝကနေ ပီတိဖြစ်ကာ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေမှာတော့ အသေအချာပါပဲနော်

ပရိသတ်ကြီးတွေလည်း သီရတီတို့ သူငယ်ချင်း(၂)ယောက်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Source – Thi Ra Tee

(ZAWGYI)









Source – Thi Ra Tee

Crd-Original Post