စီဒီအမ်ဝန်ထမ်းများ ချေးငွေပြန်ဆပ်ရန် ဘဏ်က အကြောင်းကြားစာပို့

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် ကမ္ဘာ့ရတနာဘဏ်က စီဒီအမ်ဝန်ထမ်းများထံ ချေးငွေပြန်ဆပ်ရန်

ငွေချေးသူတစ်ဦးချင်းထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ချေးငွေယူထားသူ တချို့ထံမှ သိရသည်။

“တချို့လဲ အသိတွေထဲကနေ စုပေါင်းပြီး ဝိုင်းပြီးဆပ်ပေးကြတယ်။ တချို့က မဆပ်နိုင်ကြဘူး။ အခုလိုအခြေအနေမျိုးမှာ ပြန်ဆပ်ဖို့က မဖြစ်နိုင်ဘူး။ ရပေါက်ရလမ်းကဘာမှရှိတာမှမဟုတ်တာ။

အခုပြန်ဆပ်ဖို့ ခြ.ိမ်းခြေ.ာက်ခ.ံရတာရှိတယ်”ဟုမြို့ခံတစ်ဦးကပြောသည်။ယခင်ကလည်း ချေးငွေအတွက် အတိုး‌ဆပ်ရန်နှင့် အတိုးအရင်းပေါင်း ပြန်ဆပ်နိုင်ပါက ဆပ်ရန် ဆက်သွယ်အကြောင်းခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ရတနာဘဏ်မှ၂၀၂၀ခုနှစ် စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် စတင်ငွေထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘဏ်မှလိုအပ်ချက်အရ တောင်းခံပါက ချက်ချင်းပြန်လည်ပေးဆပ်ရမည်ဟု ငွေပေးငွေယူစာချုပ်ပေါ်တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးထားကြပြီးဖြစ်‌ကြောင်း၊ လစဉ်ပေးသွင်းရန် ကျန်ရှိသည့်‌

ငွေများအား ၂၀၂၁ခုနှစ် နှစ်စမှစ၍ ချေးငွေပြန်မဆပ်ကြတော့ကြောင်းနှင့် ၃၀. ၉. ၂၀၂၁ရက်တွင် နောက်ဆုံးထား၍ ငွေအကျေပြန်လည်ပေးသွင်းရန် ဘဏ်က အကြောင်းကြားထားခြင်းဖြစ်သည်။

ပေးသွင်းရန်ပ.ျက်က.ွက်ပါက ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီတရားစ.ွဲဆိုသွားရန် ဆက်လက်လုပ်ဆောင်သွားမည့်အပြင် တရားစ.ွဲဆိုရာတွင်လည်း ကုန်ကျစရိတ်ကို ငွေချေးသူများကသာ အကုန်အကျခံ တာဝန်ယူရမည်ဟု အသိပေးအကြောင်းကြားစာတွင် ဖော်ပြထားကြောင်းသိရသည်။

Credit-Original Post