လေးလနေမှ ပထမဦးဆုံး ပုဇွန်ဟင်းလေးစားရတာကြောင့် ပျော်ရွှင်နေကြတဲ့ တော်လှန်ရေးရဲဘော် pdf လူငယ်လေးများ

ပေါ်ပင်စုံ ပရိသတ်ကြီးရေ…
အာဏာရှင်ဖို့တွန်းလှန် ထိုက်ထုတ်ဖို့အတွက် သူရဲကောင်းလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာ သွားရောက်ပြီး စစ်ပညာသင်ယူနေကြတာပါ

လူငယ်လေးတွေဟာ ထူထပ်တဲ့တောတောင်တွေမှာ ဒက္ခ မျိုးစုံခံစားရင်း အနေဆင်းရဲ အစားဆင်းရဲနဲ့ တိုင်းပြည်အတွက် ကြိုးစားလေ့ကျင့်နေကြတာ အားလုံးလဲအသိပါနော်

တောထဲမှာ ရေလဲရှားပါး စားစရာလဲရှားပါးတဲ့အပြင် နေမကောင်းဖြစ်တဲ့အခါ ဆေးဝါးတွေလဲ ရှားပါးနေတာပါ မိုးအဆက်မပြတ်ရွာတာကြောင့် ခြင်တွေပေါပြီး ငှက်ဖျားရောဂါတွေကိုလည်း ခံစားကြရပါတယ်

တောထဲမှာရှိတဲ့ မှိုတွေမျှစ်တွေနဲ့သာ အများဆုံးစားသောက်ရလေ့ရှိတာကြောင့် ပြည်သူတွေဟာ PDFရဲဘော်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေထည့်ကြကာ အစားအသောက်၊အနေအထိုင် အဆင်ပြေအောင်ကူညီပေးနေကြတာလည်း တွေ့ရပါတယ် ။

အခုအခါမှာဆိုရင်လည်း PDFစခန်းတစ်ခုမှာ အလှူရှင်တွေလှူကြတဲ့ အလှူငွေလေးနဲ့ PDFရဲဘော်တွေကို ပုဇွန်ဟင်းလေးနဲ့ချက်ပြုတ်ကျွေးမွေးတာကြောင့် အားပါးတရစားနေကြတာကို တွေ့ရပါတယ်။

လေးလနေမှ ပထမဆုံးအနေနဲ့ ပုဇွန်စားရတာကြောင့် ရဲဘော်တွေလည်း ပျော်နေကြပြီး အလှူရှင်တွေလည်း ဝမ်းသာကြည်နူးနေကြတာဖြစ်ပါတယ် ။

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ <PawPinSone>

Credit-Original Post