ခုလိုကာလကြီးမှာ အလိုအပ်ဆုံးသောအရာတစ်ခုကို တခါမှမမြင်ဘူးမတွေ့ဘူးတဲ့သူဆီက မထင်မှတ်ဘဲရလိုက်လို့ အံ့သြပီတိဖြစ်နေတဲ့ ဒေါက်တာစိန်ဖြိုးလှိုင်

သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင်ကတော့ ဆရာဝန်တစ်ယောက်အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်။ခုလို ကိုဗစ်ရောဂါတွေ ပြည်သူတွေ ခံစားနေရအချိန်မှာလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။

အောက်ဆီဂျင်အိုးတွေ ဝယ်ယူ လှူဒါန်းပေးသလို ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာသင့်တာတွေကိုလည်း သေသေချာချာ ဗဟုသုတအနေနဲ့ ဝေမျှပေးနေတာကို တွေ့ရပါတယ် ။ ခုတစ်ခါမှာတော့ သူနဲ့ လူချင်းတောင် မသိမမြင်ဘူးတဲ့ သူတစ်ယောက်ကနေပြီး Owgels တံဆိပ်

အောက်ဆီဂျင်စက် 10 liter နှစ်ယောက်ရှူ လို့ရတဲ့ စက်၃လုံး ကို လှူဒါန်းပို့ဆောင်ပေးလိုက်တာကြောင့် အံ့ဩပီတိဖြစ်နေရပုံကို ပြောပြလာပါတယ် ။

” Owgels တံဆိပ် အောက်ဆီဂျင်စက် 10 liter ၂ယောက်ရှူ လို့ရတဲ့ .. စက်၃လုံး ငွေရှင်းပြီးသား … လာပို့ချင်လို့ပါတဲ့…ရီတို့လည်း တော် တော် အံသြသွားတယ်…အလှူရှင် က #ကိုရဲဝင့်ဦး စင်ကာပူကပါတဲ့ဒီ Page ကို လှူပေးဖို့အတွက် ဝယ်သွားတယ်လို့သိရပါတယ်….တကယ်ပဲ .. စက် ၃လုံး ရောက်ချ လာပါတယ်…

လူချင်းလည်း ခုထိမသိရပေမယ့် ခုလို လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရဲဝင့်ဦး ရေ…လတ်တလောမှာ ရီတို့ စက်တွေငှားနေတဲ့ ထဲမှာဒီစက် ၃လုံးကိုပါ အင်အားဖြည့်ပြီး ငှားပေးပါမယ်..

လိုအပ်ချက်တွေ လျော့ကျတဲ့ တချိန်ရောက်ရင်…ဒီစက် ၃လုံးကို ကိုရဲဝင့်ဦး နာမည်နဲ့ပဲ နယ်ဆေးရုံ တခုခု မှာ ပြန်လှူဒါန်းပေးဖိုး စဉ်းစားထားပါတယ်…အဲ့လို ပြန်လှူဒါန်းတဲ့အခါမှာလည်း အားလုံး သိရအောင် Post လေး ပြန်တင်ပေးပါဦးမယ်…

တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်..အလှူရှင်နှင့်မိသားစုလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..” ရေးသားဖော်ပြထားရာ ထပ်တူ ဝမ်းသာမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Sein Phyo

(ZAWGYI)

ခုလိုကာလႀကီးမွာ အလိုအပ္ဆုံးေသာအရာတစ္ခုကို တခါမွမျမင္ဘူးမေတြ႕ဘူးတဲ့သူဆီက မထင္မွတ္ဘဲရလိုက္လို႔ အံ့ၾသပီတိျဖစ္ေနတဲ့ ေဒါက္တာစိန္ၿဖိဳးလႈိင္

သ႐ုပ္ေဆာင္အႏုပညာရွင္တစ္ေယာက္အျဖစ္ ဇာတ္ကားေတြမ်ားစြာ႐ိုက္ကူးထားတဲ့ နႏၵာလႈိင္ရဲ႕ေမာင္ေလး စိန္ၿဖိဳးလႈိင္ကေတာ့ ဆရာဝန္တစ္ေယာက္အျဖစ္လည္း ျပည္သူေတြကို အက်ိဳးျပဳေနသူလည္း ျဖစ္ပါတယ္။ခုလို ကိုဗစ္ေရာဂါေတြ ျပည္သူေတြ ခံစားေနရအခ်ိန္မွာလည္း တတ္ႏိုင္သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္ ။

 


ေအာက္ဆီဂ်င္အိုးေတြ ဝယ္ယူ လႉဒါန္းေပးသလို ေရာဂါနဲ႔ ပတ္သက္ၿပီး လိုက္နာသင့္တာေတြကိုလည္း ေသေသခ်ာခ်ာ ဗဟုသုတအေနနဲ႔ ေဝမွ်ေပးေနတာကို ေတြ႕ရပါတယ္ ။ ခုတစ္ခါမွာေတာ့ သူနဲ႔ လူခ်င္းေတာင္ မသိမျမင္ဘူးတဲ့ သူတစ္ေယာက္ကေနၿပီး Owgels တံဆိပ္

ေအာက္ဆီဂ်င္စက္ 10 liter ႏွစ္ေယာက္ရႉ လို႔ရတဲ့ စက္၃လုံး ကို လႉဒါန္းပို႔ေဆာင္ေပးလိုက္တာေၾကာင့္ အံ့ဩပီတိျဖစ္ေနရပုံကို ေျပာျပလာပါတယ္ ။

” Owgels တံဆိပ္ ေအာက္ဆီဂ်င္စက္ 10 liter ၂ေယာက္ရႉ လို႔ရတဲ့ .. စက္၃လုံး ေငြရွင္းၿပီးသား … လာပို႔ခ်င္လို႔ပါတဲ့…ရီတို႔လည္း ေတာ္ ေတာ္ အံၾသသြားတယ္…အလႉရွင္ က #ကိုရဲဝင့္ဦး စင္ကာပူကပါတဲ့ဒီ Page ကို လႉေပးဖို႔အတြက္ ဝယ္သြားတယ္လို႔သိရပါတယ္….တကယ္ပဲ .. စက္ ၃လုံး ေရာက္ခ် လာပါတယ္…

လူခ်င္းလည္း ခုထိမသိရေပမယ့္ ခုလို လႉဒါန္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ကိုရဲဝင့္ဦး ေရ…လတ္တေလာမွာ ရီတို႔ စက္ေတြငွားေနတဲ့ ထဲမွာဒီစက္ ၃လုံးကိုပါ အင္အားျဖည့္ၿပီး ငွားေပးပါမယ္..

လိုအပ္ခ်က္ေတြ ေလ်ာ့က်တဲ့ တခ်ိန္ေရာက္ရင္…ဒီစက္ ၃လုံးကို ကိုရဲဝင့္ဦး နာမည္နဲ႔ပဲ နယ္ေဆး႐ုံ တခုခု မွာ ျပန္လႉဒါန္းေပးဖိုး စဥ္းစားထားပါတယ္…အဲ့လို ျပန္လႉဒါန္းတဲ့အခါမွာလည္း အားလုံး သိရေအာင္ Post ေလး ျပန္တင္ေပးပါဦးမယ္…

တကယ္ကို ဝမ္းသာပီတိျဖစ္ရပါတယ္..အလႉရွင္ႏွင့္မိသားစုလည္း စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစ..” ေရးသားေဖာ္ျပထားရာ ထပ္တူ ဝမ္းသာမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit – Cele Zone

Photo – Sein Phyo