ကျန်းမာရေးထိခိုက်စေတာကြောင့် အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀) မျိူး

ကျန်းမာရေးထိခိုက်စေတာကြောင့် အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀) မျိူး

တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။

သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၁ ။ ရွက်လှပင် – အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။ မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။

ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။ ၂ ။ ဆင်စွယ်ဂမုန်းပင် – အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် သုံးတာများပါတယ်။ ဒီအပင်မှာ Saponin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီးတော့ မျိုချမိရင် အဆိပ်ဖြစ်စေပါတယ်။

Saponin က ပျို့အန်တာတွေကိုဖြစ်စေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝေးမှာလည်း ထားသင့်ပါတယ်။၃။ ကျောက်စိမ်းဂမုန်း – ကျောက်စိမ်းဂမုန်း (သို့) ZZ လို့ သိကြတဲ့ပန်းမျိူးစိတ်ဟာ မျိူချမိရင် နာကျင်တာတွေ၊ အရေပြာယားယံတာနဲ့ ရောင်ရမ်းတာတွေကိုဖြစ်စေပါတယ်။

မတော်လို့ ထိခဲ့မိတယ်ဆိုရင် ရေနဲ့အမြန်ဆုံး ဆေးချလိုက်လို့ရပါတယ်။ ၄ ။ ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်မျိူးစိတ်က နေရာအစုံမှာ အသုံးဝင်တာကို လူတိုင်းသိပါတယ်။ ဒါဆို ရှားစောင်းလက်ပတ်က ဘာလို့ အန္တရာယ်ရှိတဲ့ထဲပါရတာလဲ?။

အဖြေကတော့ ဝမ်းလျှောစေတတ်လို့ပါ။ ပြီးတော့ ဓာတ်မတည့်တာတွေကိုလည်း ဖြစ်စေပါတယ်။၅ ။ Marigolds – Marigolds ကို မတော်ဘဲ စားမိခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။ ပြီးတော့ အရေပြားမှာလည်း အဖုအပိမ့်တွေ ထစေနိုင်ပါတယ်။

၆ ။ ရွှေလာငွေလာနွယ်ပင် – သူ့မှာတော့ Calcium Oxalate ဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်ပြီးတော့ လည်ချောင်းနာတာတွေ၊ အစားစားရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရွက်တွေကလှပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အဝေးမှာ ထားသင့်ပါတယ်။

၇ ။ ပိန်းရွက်လှ – သူကတော့ အသည်းပုံစံ အရွက်တွေရှိပြီးတော့ အရမ်းလှပါတယ်။ လှသလောက်လဲ အဆိပ်ပြင်းပါတယ်။ တိရစ္ဆာန်တွေနဲ့ ကလေးငယ်တွေဟာ ဒီလိုအပင်မျိူးနဲ့ ထိတွေ့မိရင် အသက်ရှူကြပ်တာမျိူးတွေ ဖြစ်စေပါတယ်။

၈ ။ ရွှေလာငွေလာပင် – ရွှေလာငွေလာပင်မှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အလွန်ကြော့ရှင်းတာကြောင့် လူကြိုက်များပါတယ်။ နာမည်ကတော့ ထူးဆန်းပါတယ်။

သူဟာလဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပင်တွေလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ်ပါဝင်ပြီး နှုတ်ခမ်း၊ ပါးစပ်နဲ့ လျှာကို နာကျင်စေပါတယ်။၉ ။ Euphorbia tirucalli – Euphorbia tirucalli ကတော့ အရေပြားနဲ့ မျက်လုံးကို ယားယံစေပါတယ်။

ဒါကြောင့် ဒီအပင်ကို ကိုင်တွယ်ရင် လက်အိတ်ဝတ်သင့်ပါတယ်။ တကယ်လို့ တိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင် မျက်လုံးနီခြင်းနဲ့ ယားယံခြင်းကိုဖြစ်စေလို့ အထူးဂရုစိုက်သင့်ပါတယ်။၁၀ ။ ကျောက်ကွဲပင် – သူကတော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ပန်းမျိူး ဖြစ်ပါတယ်။

ခရမ်းရောင်အဆင်းရှိပြီးတော့ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။ အစေ့နဲ့ အရွက်ကို စားသုံးမိရင် လူရော တိရစ္ဆာန်ပါ သေစေနိုင်ပါတယ်။အဆိပ်ဖြစ်စေတဲ့အတွက် အိမ်ထဲမှာ မစိုက်သင့်ပါဘူး။

တကယ်လို့ စိုက်ထားတယ်ဆိုရင်လည်း သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာပဲထားပါ။ ကိုင်တွယ်ရင်လည်း လက်အိတ်ဝတ်သင့်ပါတယ်။

credit – မူရင်း