မီးဖွားပြီးလမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ ထိုင်နေတဲ့ စိတ်မကျန်းမာသူအမျိုးသမီးကို တစ်ဘဝလုံးစာလုံခြုံအောင် ကူညီပေးလိုက်တဲ့ ပြည်သူများ

မီးဖွားပြီးလမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ ထိုင်နေတဲ့ စိတ်မကျန်းမာသူအမျိုးသမီးကို တစ်ဘဝလုံးစာလုံခြုံအောင် ကူညီပေးလိုက်တဲ့ ပြည်သူများ

ယခုလိုအခြေအနေဆိုးရွားနေတဲ့ ကာလကြီးမှာ ဒုက္ခရောက်နေတဲ့ လူတွေကို ပြည်သူတွေက သူတို့တတ်နိုင်သလောက် ကူညီဖေးမမှုတွေ ပြု လု ပ်ပေးနေကြပါတယ်။

ပြီးခဲ့တဲ့ (14.8.2021) စနေနေ့ည(7:30)ခန့်က မုဒုံမြို့၊ သာယာကုန်းကျေးရွာအတွင်းက လမ်ဘေးမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးမီးဖွားနေခဲ့ပါတယ်။

အသက်(၄၀)အရွယ်ရှိ စိတ်ကျန်းမာရေးမကေ ာင်းသူ အမျိုးသမီးတစ်ဦးဟာ မီးဖွားပြီး ချ က်ကြို းတန်းလန်းနဲ့ကလေးမှာ ရေမြောင်းထဲကျနေတာ​ကို သာယာကုန်းကျေးရွာသားတွေက မြင်တွေ့သွားခဲ့ပါတယ်။

သာယာကုန်းကျေးရွာသားတွေက သားဖွားဆ ရာမကို ခေါ်ပြီး ကလေးချက်ကြိုးဖြတ်ကာ စိတ်ကျန်းမာရေးမကောင်းသူရော၊ ရင်သွေးငယ်လေးကိုပါ အချိန်မှီကယ်တင်ပေးခဲ့ပါတယ်။

စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့ရင်သွေးင ယ်လေးကို ရွာသားတွေက ခဏတာစောင့်ရှော က်ပေးခဲ့ပြီးနောက်မှာတော့ စိတ်ကျန်း မာရေးမကောင်းတဲ့မိခင်ကို မြတ်သုခစိတ်ကျန်းမာရေး ကုသဆေးရုံသို့ ။

ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ယခုမှာတော့ ကျန်းမာရေးအခြေအနေကော င်းမွန်တာကြောင့် အဆိုပါမိခင်ဟာ ဆေးရုံက ပြန်ဆင်းလာခဲ့ပြီဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကောင်းမွန်လာတဲ့ မိခင်က သူ့ရဲ့ရင်သွေးငယ်လေးကို ပြန်တွေ့လိုက်တဲ့ အချိန်မှာတော့ ချက်ချင်းချီပြီး ချစ်တယ်ချစ်တယ်လို့ပြောကာ နို့တွေပါတိုက်နေခဲ့ပါတယ်။

ယခုအခါမှာတော့ စိတ်ကျန်းမာရေးကောင်းမွန်တဲ့ မိခင်ရော ရင်သွေးငယ် ကလေးပါ မခွဲမခွာနဲ့ အတူတကွလုံခြုံတဲ့ နေရာမှာ နေထိုင်ခွင့်ရသွားပြီဖြစ်ပါတယ်။

မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာက အဆိုပါမိခင်နဲ့ ရင်သွေးငယ်ကို တစ်ဘဝလုံးစာ စောင့်ရှောက်ဖို့ တာဝန်ယူလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။