“လမ်းစရိတ်မရှိလို့ မိုင်းတုံမြို့နယ် – တာချီလိတ် – ကျိုင်းတုံ ခရီးကို (13)ရက် ခြေကျင်လျှောက်ခဲ့ကြတဲ့ မိသားစု”
ဖော်ပြပါမိသားစုက လမ်းစရိတ်မရှိလို့ နားကောင်းမူး(မိုင်းတုံမြို့နယ်) – တာချီလိတ် – ကျိုင်းတုံ ခရီးကို (13)ရက်
ခြေကျင်လျှောက်ခဲ့ကြပါတယ်။ အဆိုပါမိသားစုကို လမ်းမှာတွေ့တဲ့ပြည်သူတစ်ဦးက အကူအညီပေးခဲ့ပါတယ်။
“ဒီနေ့လည်း အမှန်တကယ် အကူအညီလိုအပ်နေတဲ့ သားအမိသုံးယောက်နဲ့ ခွေးလေးတစ်ကောင်ကို
ကူညီပေးခဲ့ပါတယ်.။နားကောင်းမူး(မိုင်းတုံမြို့နယ်) – တာချီလိတ် – ကျိုင်းတုံ ခရီးကို (13)ရက်
ခြေကျင်လျှောက်လာပြီး မိုင်းပျဥ်းထိ ဆက်သွားကြမှာပါတဲ့.။
မနေ့က ကျွန်မနဲ့ လမ်းမှာ မတော်တဆ တွေ့လို့ ထမင်းဗူးလေးတွေကျွေးပြီး မိုင်းပျဥ်းကိုပို့ပေးဖို့ မိုင်းပျဥ်းကားဂိတ်ကို
ခေါ်သွားပေမယ့်လည်း ဂိတ်ကလည်းပိတ်နေပြီး မိုင်းပျဥ်းကားက (3)ရက်မှ တစ်ခါ ထွက်တာပါတဲ့.။အဲဒါနဲ့
ကျွန်မလည်း အိမ်ခေါ်လာပြီး အိမ်မှာပဲ သိပ်လိုက်ပါတယ်.။
အားလုံးကလည်း အရမ်းပင်ပန်းနေကြပါပြီ.။(13)ရက်ခရီး လမ်းမှာ ဘယ်မှာအိပ်လဲဆိုတော့ သူများလယ်ထဲ၊
တဲလေးထဲ၊ လမ်းမဘေး ကြုံသလိုအိပ်ပါတယ်.။စားစရာကို..သူများနားတောင်းပါတယ်တဲ့ .။
ဖခင်ဖြစ်သူဆုံးသွားပြီးရွာမှာ မူးယစ်ဆေးသုံးစွဲတဲ့သူတွေချည်းပဲရှိပြီး
လုပ်ကိုင်စားသောက်ဖို့လည်းအဆင်မပြေလို့ မိခင်ဖြစ်သူရဲ့ ဇာတိမြို့ဖြစ်တဲ့
မိုင်းပျဥ်းမြို့ကတောင်ပေါ်ကျေးရွာတစ်ရွာကို မိသားစုလိုက် ပြောင်းရွှေ့လာကြတာပဲ
ဖြစ်ပါတယ်..။
ပိုကိဆံလည်းတစ်ကျပ်မှမပါရှိပဲ ဇွဲရှိရှိနဲ့ (13)ရက်တိုင်တိုင် လမ်းလျှောက်ခရီးနှင်ခဲ့ကြပေမယ့် အားလုံးကအရမ်းကို
မောပန်းနေကြပါပြီ..။ဒီနေ့နံနက်မှပဲ မနက်စာကျွေးပြီး မိုင်းပျဥ်းကို ပို့ပေးလိုက်ပါတယ်…”လို့ အဆိုပါပြည်သူတစ်ဦးက
အဖြစ်အပျက်ကိုလူမူကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။
Photo-NangMarLarWan Fb
Crd-Original Post
(ZAWGYI)
ဖြစ်ပါတယ်..။
Crd-Original Post