သိန်း ၁၀၀ ပိုင်ဆိုင်သူအဖြစ်မှ ဘာမှ မလုပ်ရဘဲ ၇ လအတွင်း ၆၃ သိန်းပဲပိုင်ဆိုင်တော့တာကို လက်မခံချင်ဘဲ လက်ခံရပါတော့မယ်

သိန်း ၁၀၀ ပိုင်ဆိုင်သူအဖြစ်မှ ဘာမှ မလုပ်ရဘဲ ၇ လအတွင်း ၆၃ သိန်းပဲပိုင်ဆိုင်တော့တာကို လက်မခံချင်ဘဲ လက်ခံရပါတော့မယ်

ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။

(ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဈေးနှုန်းနဲ့ ဘယ်မှာမှ ဝယ်မရ / ရောင်းမရပါ)

ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။ ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်းလောက်သာ ထည့်တွက်မယ်ဆိုရင်

ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ သူ့ဘာသာ ဖြစ်သွားခဲ့တာပါ။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ အတွက်ပါ။

ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်း​သော်က ​စက်တင်ဘာလဆန်းပိုင်းကစ ​ငွေများလိုသ​လောက်ထုတ်ယူနိုင်​တော့မည်လို့ အင်တာဗျုးမှာ​ဖြေ​တော့ ​တော်​တော်များများက​​ငွေထုတ်ဖို့တန့်​နေကြတယ်။

ပါဆန့်​တွေကျမယ် ပါဆန့်မပါဘဲ ထုတ်ခွင့်ရ​တော့မယ်လို့​မျှော်လင့်​နေကြတယ်၊ အ​ပျော်လွန်ပြီး ​မေ့​နေတာက ကုမ္ပဏီဆို သိန်း ၂၀၀၊ ကိုယ်ပိုင်အ​ကောင့်ဆို သိန်း၂၀ သတ်မှတ်ချက်ကို ပြည့်​အောင်ထုတ်​ပေးဖို့ ကြိုးစားထားတဲ့သ​ဘော

ထည့်​ပြောသွားတာကိုလျစ်လျူရှုထားကြတယ်။အဲ့​တော့ပါဆန့်​​စျေးကွက်ပျောက်မလားလို့​ ​​တွေး​တော​နေသူ​တွေအတွက် ပါဆန့်​စျေးကွက်မ​ပျောက်ကွယ်နိုင်​သေးဘူး။ ဘာလို့ဆို ဘဏ်ဆိုတာ အပ်​ငွေကိုယူ​တဖန်ပြန်​ချေး ဒီ၂ခု

ကြားထဲကကွာဟချက်အတိုးနှုန်းကိုယူပြီး အဓိကရပ်တည်​နေတာမလို့အ​ခြေအ​နေအရ ​ချေး​ငွေပြန်ဆပ်တာ​လျော့နည်းလာသလို အပ်​ငွေကိုပါ လိုသ​​လောက်ထုတ်​ပေးခွင့်ပြုလိုက်မယ်ဆိုရင် ဘဏ်​တွေအ​နေနဲ့ ရပ်တည်ဖို့​တော်​

တော်ခက်သွားနိုင်တယ်။

အရင်ကရရှိခဲ့တဲ့ နိုင်ငံခြား​ငွေလဲလှယ်တဲ့ ​စျေးကွက်ဟာလည်း ဘဏ်​တွေမှာမရှိတော့ဘူး ​ရောဂါ​နဲ့ အပြင်မထွက်ရအမိန့်​တွေ​ကြောင့် မှတ်ပုံတင်နဲ့​ငွေလွှဲ​ငွေထုတ်က အပြင်ဆိုင်သမား​တွေဆီမှာ ပို​ရောက်​နေကြတယ်။

ဒီ​တော့ဘဏ်ရဲ့​ထောက်တိုင်​တွေကယိုင်​နေတဲ့အချိန်မှာ အပ်​ငွေသမား​တွေကို လိုသ​လောက်စိတ်ကြိုက်သာ ထုတ်ခွင့်​ပေးလိုက်မယ်ဆိုရင် ဘဏ်အ​နေနဲ့အခြားဝန်​ဆောင်မှုများပင်​ပေးဖို့အချိန်မရှိ ဖြစ်သွားနိုင်တယ်။

ဒါ့အပြင် ​ကိုဗစ်ဟာကမ္ဘာ​မြေက ပ​ပျောက်သွားတဲ့ အ​ခြေအ​နေမဟုတ်​သေးတာ​ကြောင့် ထုတ်ချင်ရင်​တောင် ရက်အ​တော်ကြာ​ စောင့်ရတာမျိုးရှိ​နေနိုင်ပါ​သေးတယ်။ အဲ့​တော့​စိတ်ကြိုက်ထုတ်ခွင့်ရ​တော့မှာဆိုပြီး ​အကြားနဲ့​ပျော်​

နေသူများ မ​ပျော်ပါနဲ့ ။

ပါဆန့်​စျေးကွက်ဟာ ပြည်သူမှပြည်သူသို့ သွားတဲ့​စျေးကွက်ဖြစ်လို့ ဘဏ်​ငွေ​တွေဟာပြည်သူ​တွေလက်ထဲမှာ စီးဆင်း​နေရတာဖြစ်လို့ ဒီ​စျေးကွက်ဟာ လတ်တ​လော မ​ပျောက်ကွယ်နိုင်​သေးဘူး။

ပါဆန့်ကျမလားဆိုရင်​တော့ ဝယ်လိုအားများရင်​စျေးတက်ဆိုသလိုဘဲ ထုတ်သူများရင်တက်မှာဖြစ်ပြီး ထုတ်သူနည်းရင်​တော့ကျမှာဖြစ်တယ်။

ဒီ​စျေးကွက်ဆက်လက်တည်ရှိဖို့ လိုလားသူ​တွေရှိ​နေတာကြောင့် ထွက်ရှိလာမယ့်​ ကောလဟလ အ​မှောင့်​ပ​ယောဂတွေ​ပေါ်မူတည်ပြီး ​စျေးနှုန်းမှန်း၍ မရပါ။

အမြင်​လေး​​တွေလည်း ​ရေးပြခဲ့ကြပါဦး…။

Credit-Oriiginal Post