ဒေါင်းယောင်ဆောင်ထားသော ကျီးကန်းများနှင့် ရဲရဲတောက် နှင်းဆီတစ်ပွင့်

ဒေါင်းယောင်ဆောင်ထားသော ကျီးကန်းများနှင့် ရဲရဲတောက် နှင်းဆီတစ်ပွင့်

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ တခေတ်တခါက အောင်မြင်ပြီးသား ဖြစ်တဲ့အပြင် သရုပ်ဆောင် ပီပြင် လှတာကြောင့်လဲ ယနေ့ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်

သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ် ၊ထွန်းထွန်း၊ ရဲလေးတို့နဲ့ အတူ နှင်းဆီအဖွဲ့ အငြိမ့်မှာလဲ ပါဝင်ထားပါသေးတယ်နော်

မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်က တသားတည်း ပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှု တွေမှာအားတက် သရော ပါဝင်ခဲ့ပါတယ်

ဒါ့ကြောင့်လဲ ပုဒ်မ ၅၀၅ က ဖြင့် မတရားအမှုဖွင့် ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေရပါတယ် လွတ်မြောက် နယ်မြေသို့ ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်နော်

မင်းမော်ကွန်းက လွှတ်မြောက်နယ်မြေသို့ ရောက်ရှိသွားပေမယ့်လဲ တော်လှန်ရေးကြီးမှာ သူတတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ပါဝင်ခဲ့တာကြောင့်

ပရိတ်သတ်တွေက နှင်းဆီအငြိမ့်အဖွဲ့မှ တကယ် ပွင့်ရဲတဲ့ တစ်ပွင့်တည်း နှင်းဆီ ဆိုပြီးတော့ တင်စားခေါ်ဝေါ်ကြပါတယ်

စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ ဘေးဘယာဝေးကွာပြီး လိုရာပန်းတိုင်ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Credit-Oriiginal Post