တရုတ်ပြည်မှာ_လက်ရှိ_ရေပန်းစားနေသော_စာလေးတစ်ပိုဒ်

တရုတ်ပြည်မှာ_လက်ရှိ_ရေပန်းစားနေသော_စာလေးတစ်ပိုဒ်

၁။ မင်းက ထင်းခုတ်သမား၊ သူက ဆိတ်ကျောင်းသား၊ မင်းနဲ့ သူနဲ့ တစ်နေကုန် စကားစမြည်ထိုင်ပြောတယ်၊

သူ့ဆိတ်က မြက်စားပြီး ဗိုက်ဝသွားတယ်၊ မင်းရော ထင်းကောက်ဖြစ်လို့လား…ထင်းခုတ်သမားက ဆိတ်ကျောင်းသားနဲ့ စကားပြောဖို့ အဆင့်အတန်းချင်းတူတာမဟုတ်ဘူး…

xx အကျိုးယုတ်သော ပေါင်းသင်းမှုကို ရှောင်ပါ xx

၂။ မင်းက ထင်းခုတ်သမား၊ သူက ဆိတ်ကျောင်းသား၊ မင်းနဲ့ သူနဲ့ တစ်နေကုန် စကားစမြည်ထိုင်ပြောတယ်၊မင်းကဆိတ်ကျောင်းနည်း တတ်သွားပြီး သူက ထင်းခုတ်နည်း တတ်သွားတယ်။

xx နှစ်ဖက်အကျိုးရှိသော ပေါင်းသင်းမှုကို ဆောင်ပါ xx

၃။ မင်းက ထင်းခုတ်သမား၊ သူက ဆိတ်ကျောင်းသား၊ မင်းနဲ့ သူနဲ့ တစ်နေကုန် စကားစမြည်ထိုင်ပြောတယ်၊ သူက မင်းထင်းနဲ့ သူ့ဆိတ်နဲ့ကို လဲလှယ်ဖို့ ကမ်းလှမ်းလိုက်တယ်၊ မင်းက အလဲအလှယ်လုပ်လိုက်တယ်.. သူ့မှာ ထင်းပိုင်သွားပြီး မင်းမှာ ဆိတ်ပိုင်သွားတယ်..။

xx မိမိမှာပိုင်ဆိုင်သောပစ္စည်းရဲ့ တန်ဖိုးကို အထင်မသေးပါနဲ့၊ တစ်ပါးသူလိုအပ်နေရင် ထင်းကနေ ဆိတ်ဖြစ်သွားတတ်တယ် xx

၄။ မင်းက ထင်းခုတ်သမား၊ သူက ဆိတ်ကျောင်းသား၊ မင်းနဲ့ သူနဲ့ တစ်နေကုန် စကားစမြည်ထိုင်ပြောတယ်၊ မင်းက သူ့ကို မင်းသိတဲ့ ကောင်းတဲ့ ဆိတ်သားအဝယ်ဒိုင်နဲ့ မိတ်ဆက်ပေးတယ်၊ သူက မင်းကို သူသိတဲ့ ကောင်းတဲ့ ထင်းအဝယ်ဒိုင်နဲ့ မိတ်ဆက်ပေးတယ်.. မင်းတို့နှစ်ယောက်ရဲ့ စီးပွားရေး ကြာလေ ကြီးလာတယ်၊

xx လူတစ်ယောက်ဆီရဲ့ Information က အရမ်းတန်ဖိုးကြီးတယ် xx

၅။ မင်းက ထင်းခုတ်သမား၊ သူက ဆိတ်ကျောင်းသား၊ မင်းနဲ့ သူနဲ့ တစ်နေကုန် စကားစမြည်ထိုင်ပြောတယ်၊ မင်းတို့ အတူတူပူးပေါင်းပြီး ဆိတ်သားကင်ဆိုင်ဖွင့်ဖို့ တိုင်ပင်လိုက်တယ်၊ မင်းရဲ့ ထင်းရှုးသားထင်းက ကင်လို့ရလာတဲ့ ဆိတ်သားဟာ အင်မတန်မှ မွှေးကြိုင်လှတယ်၊ သူ့ရဲ့ တောင်ဆိတ်သားက ရိုးရိုးဆိတ်သားထက် အဆီကင်းပြီး အညှီနည်းတာကြောင့် နှစ် အနည်းငယ်အတွင်းမှာ ဆိုင်ခွဲပေါင်း အများကြီးဖွင့်နိုင်သွားတယ်..။

xx ပြီးပြည့်စုံသော တစ်ဦးတစ်ယောက်ဆိုတာ မရှိပါဘူး၊ ပြီးပြည့်စုံသော လက်နှစ်ဖက်ဆိုတာပဲရှိတာပါ .. ။

တကယ်တော့ တူညီသော အဖြစ်အပျက်လေးတစ်ခု၊ ခံယူမှုချင်းမတူရင်၊ ရလာဒ်ချင်းလည်း တူမှာ မဟုတ်ဘူး..

Credit-Oriiginal Post