လူနာရောဆို တေတာ့ သမီးတို့ နှယောက်တဲ့ လူနာရှင်ရော ဆိုတော့ သမီးတို့ နှယောက်ပဲတဲ့

လူကြီး မပါဘူးလား ဆိုတော့….

အဖေနဲ့ အမေက ဗမာ စကား မတတ်တော့ တောင်ယာမှာပဲ နေခဲ့ ကြတယ်တဲ့

ကဲလာဟဲ့ ဘာဖြစ် သလဲဆို ဘယ်ဘက် မျက်လုံးက မမြင်ရဘူးတဲ့ ပြီးမျက်ရည်တွေ အမြဲကျ နေတာတဲ့

ဘယ်လောက် ကြာပြီလဲ ဆိုတော့ သမီး အရမ်း ငယ်တုန်းက မှတ်တောင် မမှတ်မိ တော့ဘူးတဲ့

ဘာဖြစ် တာလဲ ဆိုတော့ အမေတို့က ပြောတာ မျက်နှာပေါ် ရေနွေးအိုး ပြုတ်ကျ တာဆိုလား မျက်လုံးပေါ် ရေနွေး

ပူတွေကျ တာတဲ့

အော် နှစ်ပေါင်း များစွ ာအကြာက ဒဏ်ရာကို ဆရာဝန် လာတုန်း ၄ မိုင် လောက် ဝေးတဲ့ တောင်ယာ ကနေ လမ်းလျှောက် လာပြ ကြတာ တဲ့လား

သူ့မျက်လုံးအခြေအနေကို မျက်စိအထူးကုသမားတော်နဲ့ video photo တွေ နဲ့ ဆွေးနွေးထားပါတယ် လတ်တလော Treatment ပေးထားပြီး အဆင်ပြေတဲ့အချိန် မန္တလေးမှာ ခွဲစိတ်ကုသပေးဖို့အစီအစဉ်ရှိပါတယ်

Ps- ဒီကလေးအတွက် အလှူငွေလက်မခံပါ – ဒီလိုလူနာတွေအတွက် ဟိုးအရင်ကာလတွေထဲက ကုန်ကျစရိတ် ကျွန်တော့် ကိုယ်ပိုင် ပိုက်ဆံနဲ့ တာဝန်ယူပေးနေကျမို့လို့ပါ ၊ အခုကာလမှာ အရေးကြီးဆုံးနေရာကိုပဲအားစိုက်လှူကြစေချင်ပါတယ် ဆိုပြီး ဒေါက်တာမလေး A Nyein က တင်ထားပါတယ်

Credit-Oriiginal Post