သေဆုံးသွားသူရဲ့ မိသားစုကိုတောင် အလွတ်မပေးဘဲ ညီညီအောင်ထက်နိုင်ရဲ့ အမေကို ဖမ်းတာနဲ့ပတ်သက်ပြီးပြောလာတဲ့ ပန်ဆယ်လို

သေဆုံးသွားသူရဲ့ မိသားစုကိုတောင် အလွတ်မပေးဘဲ ညီညီအောင်ထက်နိုင်ရဲ့ အမေကို ဖမ်းတာနဲ့ပတ်သက်ပြီးပြောလာတဲ့ ပန်ဆယ်လို

လှည်းတန်းမှာ ကျဆုံးသွားတဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမေကို ဖမ်းတယ်။

ကိုကိုအောင်ထက်နိုင်ကို လာအဖမ်းခံဖို့ ခေါ်ခိုင်းတယ်တဲ့။

နောက်ဆက်တွဲအခြေအနေ မသိသေးဘူး။

ဘာအမှုလဲဆိုတော့ Online မှာ ပုဇွန်ခြောက်ရောင်းလို့တဲ့။

တရားမဝင်စျေးရောင်းမှုဆိုပဲ။

အေး….

သားတစ်ယောက်လုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးပြီ။

ကျန်ရစ်သူတွေရဲ့ ဘဝတွေကို ဆက်သတ်နေတုန်း။

ထမင်းအိုးကို စစ်ဖိနပ်နဲ့ ကန်ထုတ်နေတုန်း။

ဟိုးအရင်ခေတ်က အခုလိုသတင်းစီးဆင်းမှု မရှိလို့သာ။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချရုံတင်မက

မိသားစုတွေကိုပါ ဘယ်သူမှ မပတ်သက်ရဲအောင်၊ စီးပွါးရေးလုပ်မရအောင်၊

အလုပ်အကိုင်အခွင့်အလမ်း မရှိအောင် နှိပ်ကွပ်ခဲ့ကြတာ။

ဆင်းရဲမွဲတေအောင် လုပ်ခဲ့ကြတာ။

အခုခေတ်လည်း ဒီလိုပဲ။

ဝရမ်းထုတ်ခံရသူတွေရဲ့ မိသားစုတွေကို ဖမ်းဖို့ ကြိုးစားတယ်

ဖိအားပေးတယ်

စိတ်မလုံခြုံအောင် ထားတယ်။

အခြားလူတွေ မပတ်သက်ရဲအောင် အကြောက်တရားထည့်တယ်။

အခုပဲကြည့်… သေဆုံးသွားသူရဲ့ မိသားစုကိုတောင် အလွတ်မပေးဘူး။

ပြည်သူဘက်က Social Punishment လုပ်တော့ ရက်စက်လွန်းတယ်လို့ အော်ကြတဲ့ တရားသမားကြီးတွေ ကြည့်ထားကြ။

သူ့မိဘမကောင်းတာ သားသမီးတွေနဲ့ မဆိုင်ပါဘူးဆိုတဲ့ စောက်ပေါက်ပိုင်ရှင် သူတော်ကောင်းကြီးတွေ ကြည့်ထားကြ။

အဖေကို ဖမ်းမရရင် ကလေးကို ဖမ်းတယ်

သားကို မမိရင် အမေကို ဖမ်းတယ်

လင်ကိုမမိရင် မယားပါ ဖမ်းတယ်။

အစွန်းစွန်ဆုံး အသတ်ခံလိုက်ရပြီဖြစ်တဲ့ တော်လှန်သူလူငယ်ရဲ့ မိခင်ကိုတောင် ထပ်ဒုက္ခပေးတယ်။

ကာယကံရှင်မဟုတ်တဲ့သူတွေကို မလုပ်သင့်ပါဘူးလို့ အဲ့အပေါက်တွေ မဟရဲဘူး။

ဘယ်ဟရဲမလဲ… ဟိုက သွပ်မှာလေ။

ငါတို့ရဲ့ Social Punishment ဆိုတာ သွေးပူချိန်ခဏ လုပ်ရမယ့်အရာ မဟုတ်ဘူး။

ငါတို့ အသက်ရှိစဉ်ကာလပတ်လုံး ငါတို့သားစဉ်မြေးဆက်ထိ လက်ဆင့်ကမ်းသွားရမယ့်အရာ။

ရှေ့အဆက်ဆက် အာဏာရှင်တွေရဲ့ မျိုးဆက်တွေကို Social Punishment မလုပ်ဘဲ ဖင်လျက်ခဲ့ကြတဲ့ဆိုးကျိုးကို အခုခံနေရကြရတာ။

ရှေ့အာဏာရှင်တွေရဲ့ မျိုးဆက်တွေကို လူတောတိုးခွင့်ပေးခဲ့လို့ အားနေ တစ်စိတ်ရှိ အာဏာထသိမ်းတဲ့

စောက်ကျင့်ရနေတာ။

စောက်မှတ်ရှိပါ။

စောက်မှတ်ရှိပါ။

စောက်မှတ်ရှိပါ။

စောက်မှတ်မရှိသေးရင် တစ်နေ့ကို ၁၀၈လုံးပုတီးနဲ့ စောက်မှတ်ရှိပါလို့ ၁၀၈ ခါ စိတ်ကြဟေ့။

newsathitnews