အခုဒီစာရေးလို့ဖမ်းမယ်ဆိုလဲလာဖမ်းလည့်ထိုင်စောင့်နေမယ် ဆိုတဲ့ ရှေ့တန်းရောက် မအလတပ်သား ပေါက်ကွဲသံ

အခုဒီစာရေးလို့ဖမ်းမယ်ဆိုလဲလာဖမ်းလည့်ထိုင်စောင့်နေမယ် ဆိုတဲ့ ရှေ့တန်းရောက် မအလတပ်သား ပေါက်ကွဲသံ

ပြောချင်လွန်းလို့တော့မဟုတ်ဘူး $သဲတွေပေါက်လာလို့ရှေ့တန်းရောက်တာတစ်နှစ်ကျော်ပီ မပြန်ရလို့လဲဝမ်းနည်း ဒါပေမဲ့တစ်ခုဘဲ ရိက္ခာလေးတော့ပို့ပေးကြလေ ပေးကားမလာ ဈေးကားမလာနဲ့ထိုင်ပီးအငတ်ခံနေရတယ်

အခြားနေရာတွေလိုတိုက်ပွဲဖြစ်နေလို့ဆိုထားဦး အခုဟာကဘာမှမဖြစ်ဘဲထိုင်ပီးအငတ်ခံနေရတယ်…

တချို့ကပြောသေးတယ် ဘာလဲ တောတွင်းနေထိုင်စားသောက်နည်းတွေကိုအခြေခံမှာမသင်ပေးလိုက်ဘူးလားတဲ့ အဲ့တော့ပြန်ပြောလိုက်တယ် စခန်းအပြင်တောင်မထွက်ရတာ ဘယ်လိုရှာဖွေစားသောက်ရမှာလဲလို့ပြောတော့

သူမဟုတ်သလိုဘဲ ငြိမ်ချက်က ကိုယ်တွေလိုချင်တာ ရိက္ခာ ပို့နေတာကဗုံးသီးနဲ့ခဲယမ်းတွေ…

လီ းဘဲ စစ်သည်တွေအားရှိမှအဲ့ဗုံးသီးတွေခဲယမ်းအသုံးပြုလို့ရမှာလေ မင်း မေ စ ပ တ် ခဲယမ်းတွေကြီးခွပို့နေတော့ -ီ း လုပ်ရမှာလား ပြောပြန်ရင်လဲ ပွ တယ်လို့ပြောဦးမယ် လုပ်နေတာတွေကတစ်လွှဲ အခြားဆင့် ဆိုတဲ့ဘဝအမြဲတမ်းခံနေရတယ် ရှေ့တန်းမှာပင်ပင်ပန်းပန်းနေနေလို့ ရတဲ့လစာကြည့်လိုက်…

နှစ်ပဲတစ်ပြား အိမ်ထောင်သည်တွေကျကြည့်ဦး တချို့ဆိုခလေးတွေနှစ်ယောက်သုံးယောက်နဲ့ရတဲ့လစာနဲ့ဘယ်လိုလုပ်ပီးလောက်မှာလဲ စစ်သည်တွေရှေ့တန်းထွက်ရင်ကျန်ခဲ့တယ်ဇနီးမယားနဲ့သားသမီးတွေကအဲ့လစာနဲ့ဘယ်လိုလုပ်ပီးစားသောက်ကြမလဲ တချို့စစ်သည်တွေအဟာရပြတ်ပီးအသက်တွေဆုံးရှူံးကုန်တယ် ကိုယ်တွေစခန်းကထားဦး…

ကျန်တဲ့စခန်းတွေမှာစားစရာတောင်မရှိတော့ဘူး တချို့စခန်းတွေ ဆားတောင်မရှိတော့ဘူး ကျန်မာရေးမရင် တောင်တိုက်ဖို့ဆေးကအလုံအလောက်မရှိဘူးတချို့စခန်းတွေမှာ တချို့လူနာတွေအသက်မသေသင့်ဘဲသေသွားတယ် အရမ်းနှမျောဖို့ကောင်းတယ် အောက်ခြေစစ်သည်တွေဘဝကသူတို့အတွက်အရာမဝင်ဘူး သူတို့အတွက်အရာဝင်တာဘာလဲတော့မသိဘူး..

*အခုဒီစာရေးလို့ဖမ်းမယ်ဆိုလဲလာဖမ်းလည့်ထိုင်စောင့်နေမယ် *အမှန်တရားတွေက နည်းနည်းတော့ခါးတယ် မုသားလောက်တော့မချိုဘူး*မှန်တာပြောလို့ ရွာပြင်ထုတ်ခံရလဲ ဂရုမစိုက်ဘူးရှေ့တန်းစစ်သည်တစ်ယောက် တပ်သား ရန်နိူင်အေး…

Credit-Original Post