စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ ဆုအိမ့်စံ

စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ ဆုအိမ့်စံ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးဆုအိမ့်စံကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်

ဆုအိမ်စံကတော့ ဒီနေ့အလှူလေးကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြထားခဲ့ပါသေးတယ်

“ကိုဗစ်ဒဏ်ကြောင့် ခံရတဲ့ စိတ်ပင်ပန်း လူပင်ပန်းမှုတွေကို ကိုယ်တိုင်လည်း ခံစားခဲ့ရတာကြောင့် ပြန်လည် ထူထောင်ဖို့ အတွက် ဆုဆု တတ်နိုင်သလောက်လေး

ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးဖြစ်တဲ့ အလှူဓါတ်ပုံလေးကို မြင်ရတာ ပီတိဖြစ်လိုက်တာ ဆုဆု မသွားနိုင်လို့ ကိုယ်စား ကူညီ လှူဒါန်းပေးတဲ့ ကိုဝေဠု ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်

နောင်လည်း ဒီထက် မက ပိုပီး စာနာစိတ်နဲ့ ကူညီဖေးမနိုင်တဲ့သူ ဖြစ်ချင်ပါတယ်

” ဆိုပြီး အလှူလေးနဲ့ ပတ်သက်လို့ ပီတိဖြစ်နေခဲ့ပြီး မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်

အခုလို လိုအပ်နေတဲ့သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးတဲ့ အလှူလေးကလည်း တကယ်ကို ပီတိဖြစ်ဖွယ်ကောင်းလှတာကတော့ အမှန်ပါပဲ

ပရိသတ်ကြီးတွေလည်း ဆုအိမ့်စံရဲ့ ပီတိဖြစ်ဖွယ်မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်

Source – Hsu Eaint San, Wai Lu

(ZAWGYI)











Credit-Original Post